Friday, September 20, 2019

ၿမိတ္ၿမိဳ႔တြင္ ေငြက်ပ္သိန္းေပါင္း ၁၈ဝဝ ေက်ာ္တန္ဖိုးရွိ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

Image may contain: one or more people and people sitting

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕၊ ေနာက္လယ္ရပ္ကြက္တြင္ ေငြက်ပ္သိန္းေပါင္း ၁၈ဝဝ ေက်ာ္တန္ဖိုးရွိ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္ထားပါသည္။

ျဖစ္စဥ္မွာ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕၊ ေနာက္လယ္ရပ္ကြက္၊ (၆)လမ္းရွိ အီစမန္အင္(ဘ)လန္ဘား ပိုင္ဆုိင္ေသာ ႐ိႈင္းေရခဲေသတၱာျပဳျပင္ေရာင္းဝယ္ေရးဆုိင္အား ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စက္တင္ဘာ ၁၇ ရက္ နံနက္ ၁ နာရီခန္႔တြင္ သတင္းအရဝင္ေရာက္ရွာေဖြရာ အီစမန္အင္ႏွင့္ မူးယစ္ေဆးဝါးေရာင္းဝယ္ ရန္ေရာက္ရွိေနသည့္ ၿမိတ္ၿမိဳ႕ေန ေဇယ်ာထြန္း(ဘ) ဦးသာစိန္၊ ေကာ့ေသာင္းၿမိဳ႕ေနႏိုင္လင္းဦး(ဘ)ဦးေမာင္ျမင့္တို႔ သံုးဦးကို WYစာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား စုုစုေပါင္း ၉၃ဝ၉၈ ျပား(ခန္႔မွန္းတန္ဖိုးေငြက်ပ္သိန္းေပါင္း ၁၈၆၁ သိန္းေက်ာ္)ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရပါသည္။
အဆိုပါ ဖမ္းဆီးရမိသူမ်ားႏွင့္ မူးယစ္ေဆးဝါးမ်ားအား ၿမိတ္ၿမိဳ႕မရဲစခန္းသို႔စနစ္တက် လႊဲေျပာင္းအပ္ႏွံၿပီးျဖစ္ေၾကာင္း သိရွိရပါသည္။
<<unicode>>
မြိတ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၁၈ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Friday, September 20, 2019

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်တွင် ငွေကျပ်သိန်းပေါင်း ၁၈ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ ထုတ်ပြန်ထားပါသည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၆)လမ်းရှိ အီစမန်အင်(ဘ)လန်ဘား ပိုင်ဆိုင်သော ရှိုင်းရေခဲသေတ္တာပြုပြင်ရောင်းဝယ်ရေးဆိုင်အား ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၁၇ ရက် နံနက် ၁ နာရီခန့်တွင် သတင်းအရဝင်ရောက်ရှာဖွေရာ အီစမန်အင်နှင့် မူးယစ်ဆေးဝါးရောင်းဝယ် ရန်ရောက်ရှိနေသည့် မြိတ်မြို့နေ ဇေယျာထွန်း(ဘ) ဦးသာစိန်၊ ကော့သောင်းမြို့နေနိုင်လင်းဦး(ဘ)ဦးမောင်မြင့်တို့ သုံးဦးကို WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၉၃ဝ၉၈ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၈၆၁ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား မြိတ်မြို့မရဲစခန်းသို့စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #မြိတ်

0 comments:

Post a Comment