
သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ဒေါ်နော်အုန်းလှကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ ယနေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပရန် သက်ဆိုင်ရာက ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေဖြင့် နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ဦးဖြစ်သည့် စသိန်းဇော်မင်းနှင့် စောအဲဘတ်ချိုတို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
နော်အုန်းလှကို စက်တင်ဘာ ၉ ရက်နေ့၊ ည ၇ နာရီကျော်ခန့်က အလုံမြို့နယ်ရဲစခန်းတွင် အမျိုးသမီးအမှုကိစ္စ ကူညီဆောင်ရွက်ပေးနေစဉ်အချိန်တွင် ကျောက်တံတားမြို့နယ်၊ ရဲစခန်း တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။








0 comments:
Post a Comment