Monday, September 9, 2019

မီတာခနှုန်းထားသစ်ပြောင်းလဲကောက်ခံခြင်းကြောင့် ပြည်သူများ ချွေတာသုံးစွဲ၍ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဟုဆို

Image may contain: 7 people, people standing and indoor

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂/ ၂၀၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို မနေ့က (၉.၉.၂၀၁၉ )ရက်နေ .နေ့လည်( ၁၄း၀၀) နာရီ အချိန်တွင်ကျင်းပခဲပါသည်။

အဆိုပါအခမ်းအနားတွင် " အဲ့တော့ ပြည်သူတွေက တစ်ယူနစ်ကျဖို့ဆိုရင် ဒီလောက်နာရီတွေ သုံးတယ်ဆိုတဲ့ အခါကျတော့ အခုဆိုရင် ချို့ခြံချွေတာပြီးတော့ သုံးစွဲကြပါတယ်။ အဲ့လိုချိုးခြံချွေတာ သုံးစွဲတဲ့အတွက်ကြောင့် ကျသင့်တဲ့ မီတာခတွေကလည်း အများကြီး မကျတော့ဘူး။ အခုဆိုရင် ကျွန်မတို့ကအစ အိမ်မှာ မီးတွေ လိုက်ပိတ်ပြီးတော့ ချွေတာသုံးစွဲလာပြီဖြစ်တဲ့အတွက်ကြောင့် မီတာခက အများကြီးကျတာမျိုး ဝန်ထုတ်ဝန်ပိုးဖြစ်တာမျိုးမဖြစ်ဘူးလို့ဆိုလိုတာပါ" ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ အထွေထွေမန်နေဂျာ (ဘ ဏ္ဍာရေး) ဒေါ်စိုးစိုးနွယ် ကပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို.ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ ဒါရိုက်တာအဖွဲ.ဝင်များ၊ ရုံးချုပ်ဌာနကြီးမှူးများ၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊အနောက် ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်၊မြောက်ပိုင်းခရိုင်လျှပ်စစ်မန်နေ ဂျာရုံးများမှခရိုင်လျှပ်စစ်မန်နေဂျာများ၊ဖိတ်ကြားထား သည့် သတင်းမီဒီယာများတက်ရောက်ခဲ့ကြပါသည်။

0 comments:

Post a Comment