
ေရနံေခ်ာင္းၿမိဳ႕နယ္ ဝက္လြတ္ေက်း႐ြာအုပ္စု လမ္းကူးေက်း႐ြာ၌ ဧရာဝတီျမစ္ေရတိုက္စားမႈ၍ ျမစ္ကမ္းပါးၿပိဳက်မႈေၾကာင့္ ေဘးအႏၲရာယ္က်ေရာက္ႏိုင္သျဖင့္ လူေနအိမ္ ၇ လုံးကို ၎တို႔ေနထိုင္သည့္ေက်း႐ြာ၏ ေတာင္ဘက္ ေပ ၂၀၀၀ ခန႔္အကြာ၌ ႀကိဳတင္ေျပာင္းေ႐ြ႕ထားရေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။
ျမစ္ကမ္းပါးၿပိဳမႈေၾကာင့္ လမ္းကူးေက်း႐ြာမွ ဦးၾကည္လင္း၊ ဦးစန္းေအာင္၊ ေဒၚခင္ညိဳ၊ ဦးေအာင္ၫြန႔္၊ ေဒၚကုလားမ၊ ဦးေနဝင္း၊ ဦးၫြန႔္ဝင္းတို႔၏ ေလးပင္သြပ္မိုး လူေနအိမ္ ၇ လုံးႏွင့္ အိမ္ေထာင္စုေျခာက္စုမွ လူဦးေရ ၃၅ ဦးကို ၎တို႔ေနထိုင္သည့္ ေက်း႐ြာ၏ေတာင္ဘက္ ေပ ၂၀၀၀ ခန႔္အကြာ ေဘးလြတ္ရာသို႔ ႀကိဳတင္ေျပာင္းေ႐ႊ႕ထားေၾကာင္း သိရသည္။


ကိုစိုးႀကီး
<< Unicode >>
မြစ်ကမ်းပါးပြိုမှုကြောင့် ရေနံချောင်းမြို့နယ် လမ်းကူးကျေးရွာမှ လူနေအိမ် ၇ လုံးကြိုတင်ပြောင်းရွေ့
Thursday, September 19, 2019
ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှု၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သဖြင့် လူနေအိမ် ၇ လုံးကို ၎င်းတို့နေထိုင်သည့်ကျေးရွာ၏ တောင်ဘက် ပေ ၂၀၀၀ ခန့်အကွာ၌ ကြိုတင်ပြောင်းရွေ့ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
"မြစ်ကမ်းပါးပြိုတာက မြစ်ရေတက်လို့လည်းမဟုတ်ဘူး။ ကျလို့လည်း မဟုတ်ဘူး။ လှိုင်းပုတ်လို့ပြိုတာပါ။ ကမ်းပါးနားမှာရှိတဲ့ လူနေအိမ် ၇ လုံးကို ဘေးအန္တရာယ်မဖြစ်အောင်လို့ စက်တင်ဘာ ၁၈ ရက်နေ့က စတင် ကြိုတင် ပြောင်းရွှေ့ခဲ့တာပါ။ မြစ်ကမ်းပါးပြိုတဲ့နေရာနဲ့ နေအိမ်ပြောင်းရွှေ့မှုတွေကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂) ဦးသိန်းလှ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်၊ မြို့နယ်မီးသတ်ဦးစီး မှူးဦးသန်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကူညီဆောင်ရွက်နေပါ တယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
မြစ်ကမ်းပါးပြိုမှုကြောင့် လမ်းကူးကျေးရွာမှ ဦးကြည်လင်း၊ ဦးစန်းအောင်၊ ဒေါ်ခင်ညို၊ ဦးအောင်ညွန့်၊ ဒေါ်ကုလားမ၊ ဦးနေဝင်း၊ ဦးညွန့်ဝင်းတို့၏ လေးပင်သွပ်မိုး လူနေအိမ် ၇ လုံးနှင့် အိမ်ထောင်စုခြောက်စုမှ လူဦးရေ ၃၅ ဦးကို ၎င်းတို့နေထိုင်သည့် ကျေးရွာ၏တောင်ဘက် ပေ ၂၀၀၀ ခန့်အကွာ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ထားကြောင်း သိရသည်။
ကိုစိုးကြီး
#Myanmar_Online_News






0 comments:
Post a Comment