Sunday, September 22, 2019

ကုလသမဂၢဝန္ထမ္းမ်ားက ပိုၿပီးေၾကာက္စရာေကာင္းေန၊ ကုလဝန္ထမ္းမ်ား က်ဴးလြန္ေသာအဓမၼမႈေပါင္း ၆ ေသာင္း ခန႔္အထိရွိၿပီး အရြယ္မေရာက္ေသးသည့္ ကေလးသူငယ္မ်ားႏွင့္ လိင္ဆက္ဆံလိုစိတ္ရွိေနသည့္ ဝန္ထမ္းေပါင္း ၃၀၀၀ ေက်ာ္ ကုလတြင္ရွိေနဟု ဆို

Image may contain: 1 person, closeup and outdoor
ကုလသမဂၢႏွင့္ ပတ္သက္ေသာ လွ်ိဳ႕ဝွက္ အမႈတြဲတစ္ရပ္တြင္ ဖြင့္ခ်ထားခ်က္အရ ကုလသမဂၢမွ အကူအညီေပးေရးဆိုင္ရာ ဝန္ထမ္းမ်ားသည္ ႏိုင္ငံတကာရွိ လူေပါင္းေျခာက္ေသာင္းခန႔္ကို မုဒိမ္းမႈ က်ဴးလြန္ခဲ့ၿပီး ကုလသမဂၢတြင္ ခန႔္အပ္ထားေသာ အမႈထမ္းေပါင္း ၃၃၀၀ ဦးသည္ ကေလးသူငယ္မ်ားႏွင့္ လိင္ဆက္ဆံရန္ ျပင္းျပေနသူမ်ားျဖစ္သည္ဟု ၿဗိတိန္အေျခစိုက္ The Sun သတင္းစာတြင္ ေရးသားထားသည္။

အဆိုပါလွ်ိဳ႕ဝွက္အမႈတြဲမ်ားကို ယခင္ကုလသမဂၢအႀကီးတန္းအရာရွိေဟာင္း အန္ဒ႐ူးမက္ကေလာ့က နိုင္ငံတကာ ဖြံ႕ၿဖိဳးေရးဌာန (DFID) ၏ အေထြေထြအတြင္းေရးမႉး ပရစ္တီပတ္တဲလ္ ထံသို႔ ေပးပို႔ခဲ့ျခင္းျဖစ္သည္။
ကုလဝန္ထမ္း လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္သူ ေထာင္ေပါင္းမ်ားစြာသည္ အားနည္းခ်က္ရွိေသာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားႏွင့္ နီးစပ္ခြင့္ရေအာင္ ႀကိဳးပမ္းလ်က္ရွိသည္ဟုဆိုသည္။ ထိုသို႔ ရြံရွာစက္ဆုတ္ဖြယ္ေကာင္းေသာ ရာဇဝတ္မႈမ်ိဳးမွာ ဆယ္စုႏွစ္ ၂ ခုတာကာလအတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ေပၚခဲ့ၿပီး ယင္းျဖစ္ရပ္မ်ားကိုဖြင့္ခ်ရန္ ႀကိဳးပမ္းသူမ်ားမွာ အလုပ္ျဖဳတ္ခံခဲ့ရသည္ဟု ေဖာ္ျပသည္။

အန္ဒ႐ူးမက္ကေလာ့က ယင္းလွ်ိဳ႕ဝွက္အမႈစာတြဲအေၾကာင္း The Sun သတင္းစာကို အသိေပးေျပာၾကားရာတြင္ ကုလသမဂၢအဖြဲ႕ႀကီးတြင္ ျဖစ္ေပၚေနေသာ လိင္က်ဴးလြန္ ေစာ္ကားမႈႏွင့္ ပတ္သက္ေသာ မေကာင္းသတင္းေပၚထြက္မႈသည္ ကက္သလစ္ခရစ္ယာန္ေက်ာင္းတြင္ ျဖစ္ေပၚေနေသာ လိင္က်ဴးလြန္မႈ အတိုင္းအတာႏွင့္ ဆတူညီမၽွသည္ဟုဆိုသည္။

<Unicode>
ကုလသမဂ္ဂဝန်ထမ်းများက ပိုပြီးကြောက်စရာကောင်းနေ၊ ကုလဝန်ထမ်းများ ကျူးလွန်သောအဓမ္မမှုပေါင်း ၆ သောင်း ခန့်အထိရှိပြီး အရွယ်မရောက်သေးသည့် ကလေးသူငယ်များနှင့် လိင်ဆက်ဆံလိုစိတ်ရှိနေသည့် ဝန်ထမ်းပေါင်း ၃၀၀၀ ကျော် ကုလတွင်ရှိနေ ဟုဆို
Monday, September 23, 2019
ကုလသမဂ္ဂနှင့် ပတ်သက်သော လျှို့ဝှက် အမှုတွဲတစ်ရပ်တွင် ဖွင့်ချထားချက်အရ ကုလသမဂ္ဂမှ အကူအညီပေးရေးဆိုင်ရာ ဝန်ထမ်းများသည် နိုင်ငံတကာရှိ လူပေါင်းခြောက်သောင်းခန့်ကို မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ကုလသမဂ္ဂတွင် ခန့်အပ်ထားသော အမှုထမ်းပေါင်း ၃၃၀၀ ဦးသည် ကလေးသူငယ်များနှင့် လိင်ဆက်ဆံရန် ပြင်းပြနေသူများဖြစ်သည်ဟု ဗြိတိန်အခြေစိုက် The Sun သတင်းစာတွင် ရေးသားထားသည်။
အဆိုပါလျှို့ဝှက်အမှုတွဲများကို ယခင်ကုလသမဂ္ဂအကြီးတန်းအရာရှိဟောင်း အန်ဒရူးမက်ကလော့က နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ၏ အထွေထွေအတွင်းရေးမှူး ပရစ်တီပတ်တဲလ် ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ကုလဝန်ထမ်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူ ထောင်ပေါင်းများစွာသည် အားနည်းချက်ရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များနှင့် နီးစပ်ခွင့်ရအောင် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။ ထိုသို့ ရွံရှာစက်ဆုတ်ဖွယ်ကောင်းသော ရာဇဝတ်မှုမျိုးမှာ ဆယ်စုနှစ် ၂ ခုတာကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်ရပ်များကိုဖွင့်ချရန် ကြိုးပမ်းသူများမှာ အလုပ်ဖြုတ်ခံခဲ့ရသည်ဟု ဖော်ပြသည်။
အန်ဒရူးမက်ကလော့က ယင်းလျှို့ဝှက်အမှုစာတွဲအကြောင်း The Sun သတင်းစာကို အသိပေးပြောကြားရာတွင် ကုလသမဂ္ဂအဖွဲ့ကြီးတွင် ဖြစ်ပေါ်နေသော လိင်ကျူးလွန် စော်ကားမှုနှင့် ပတ်သက်သော မကောင်းသတင်းပေါ်ထွက်မှုသည် ကက်သလစ်ခရစ်ယာန်ကျောင်းတွင် ဖြစ်ပေါ်နေသော လိင်ကျူးလွန်မှု အတိုင်းအတာနှင့် ဆတူညီမျှသည်ဟုဆိုသည်။
#Myanmar_Online_News
#UnitedNation
#UN
#ICC

<Unicode>

0 comments:

Post a Comment