
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္တို႔အား ဆက္သြယ္ထားေသာ လႈိင္ျမစ္ကူး ဘုရင့္ေနာင္တံတား အမွတ္(၁)တြင္ တံတားတိုင္မ်ားေပၚရွိ သံေဘာင္အထိုင္(Bearing)မ်ား အသစ္လဲလွယ္ျခင္းလုပ္ငန္းကို တံတားဦးစီးဌာန၊ တည္ေဆာက္ေရးအဖြဲ႔(၃)၊ တံတားအထူးအဖြဲ႔(၁၀)က (၅-၁၀-၂၀၁၉)ရက္ေန႔မွ (၄-၁၁-၂၀၁၉)ရက္ေန႔အထိ တံတားပိတ္၍ ေဆာင္ရြက္မည္ ျဖစ္ပါသည္။
ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ ဘုရင့္ေနာင္တံတားအမွတ္(၁)အား ပိတ္ထားစဥ္ ဘုရင့္ေနာင္တံတားအမွတ္(၂)တြင္ လမ္းေၾကာင္းမ်ား ေဖာ္ျပထားသည့္အတိုင္း အသြား/အျပန္ ယာဥ္ေၾကာ(၂)လမ္းစီမွ ေမာင္းႏွင္ေပးၾကပါရန္ ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ တံတားဦးစီးဌာနမွ ေမတၱာရပ္ခံ အသိေပးထားသည္။
<Unicode>
မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁)အား တစ်လကြာ ပိတ်မည်
Monday, September 23, 2019
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁)တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင်(Bearing)များ အသစ်လဲလှယ်ခြင်းလုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)က (၅-၁၀-၂၀၁၉)ရက်နေ့မှ (၄-၁၁-၂၀၁၉)ရက်နေ့အထိ တံတားပိတ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
မော်တော်ယာဉ်များအနေဖြင့် ဘုရင့်နောင်တံတားအမှတ်(၁)အား ပိတ်ထားစဉ် ဘုရင့်နောင်တံတားအမှတ်(၂)တွင် လမ်းကြောင်းများ ဖော်ပြထားသည့်အတိုင်း အသွား/အပြန် ယာဉ်ကြော(၂)လမ်းစီမှ မောင်းနှင်ပေးကြပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ မေတ္တာရပ်ခံ အသိပေးထားသည်။
#ဘုရင့်နောင်တံတားအမှတ်၁ #Myanmar_Online_News






0 comments:
Post a Comment