ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့အလယ်ပိုင်းရပ်ကွက် ဈေးအတွင်းပိုင်းတွင် ခေါင်းဖြတ်သတ်ထားသော အလောင်း ၂ ကို ယနေ့ မနက်ကတွေ့ရှိခဲ့ရကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှသိရသည်။
အသက် ၄၀ ခန့်အရွယ်အမျိုးသား အလောင်း ၂ လောင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ အလောင်းတွင် ခေါင်းနှင့် နားရွက်များ ဖြတ်ခံထားရပြီး ၎င်း တို့၏ ခန္တာကိုယ်အသီးသီးပေါ်တွင် တင်ထားသည်ကိုတွေ့ရကြောင်း ဆိုသည်။
အလောင်း ၂ လောင်းတွင် အကျီ င်္ အနက်လက်ရှည် ဘောင်းဘီတိုအနက်ရောင်ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်း ဓားစိုက်ခံထားရသူမှာ ကမ်းထောင်းကြီးမြို့တောင်ပိုင်းရပ်ကွက်နေ ကျဘမ်းအလုပ်လုပ်ကိုင်သူ ဦးညီညီထွေးဆိုသူဖြစ်သည်။
အဖြူခံအနက်အစင်းရှပ်လက်တို ပုဆိုးအနက်ကွက်ဝတ်ဆင်ထားသူမှာ အမ်းမြို့နယ် ပဲကမ်းထောင်းကျေးရွာနေ ကျဘမ်းအလုပ်လုပ်ကိုင်သူ မောင်လုံး ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အလောင်း ၂ လောင်းမှာ တစ်ခြားနေရာတွင် သတ်ခဲ့ပြီး လာရောက်ပစ်ထားခြင်းဖြစ်သည်ဟု ကနဦး သုံးသပ်ထားကြောင်းသိရသည်။
အလောင်း ၂ လောင်းကို ဆေးရုံသို့ပေးပို့ထားပြီး အမှုဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့ထံမှသိရသည်။


Photo - ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့







0 comments:
Post a Comment