
သတင်းပေးတိုင်ကြားမှုအရ မော်လမြိုင် ကျောက်မီးသွေးရုံ ငါးပုဇွန်လက်ကားဒိုင်များသို့ရောက်ရှိဖြန့်ချီလျက်ရှိသော ငါးပုဇွန်များတွင် အန္တရာယ်ရှိအစားအသောက်တွင် ထည့်သုံးရန်ခွင့်မပြုထားသော တာရှည်ခံဓါတုဆေးရည်များ ထည့်သွင်းသုံးစွဲထားခြင်းရှိမရှိ ရှောင်တခင် မြို့နယ်အစာဆေးဝါးကြီးကြပ်မှုကော်မတီ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နယ်အမျိုးမျိုးမှ ရောက်ရှိလာသော ငါးပုဇွန်များ အိမ်နီးချင်းထိုင်းနိုင်ငံမှ တင်သွင်းလာသည်ဟုဆိုသော ငါးပုဇွန်များမျိုးစုံတွေ့ရှိရပြီး ငါးပုဇွန်ဒိုင် ၁၅ ဆိုင်မှ သံသယရှိနမူနာ ၁၃ မျိုး နမူနာရယူစစ်ဆေးခဲ့ရာမှာ ဆိုင်၎ ဆိုင် (စစ်ဆေးချိန်မှာ ၎င်း ၄ဆိုင်သာငါးနှပ်ငါးကျန်ရှိ)ရှိ ငါးနှပ်ငါး အမယ်အားလုံးမှာ တာရှည်ခံ FORMALIN ဖော်မလင် ထည့်သွင်းသုံးစွဲထားကြောင်း ဓါတ်ခွဲစစ်ဆေး အတည်ပြုချက်အရ အတူလိုက်ပါလာသော ပူးပေါင်းအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ငါးပိဿာချိန် ၁၈၀ ကို သိမ်းဆည်း ဆိုင်ရှင်များကိုခံဝန်ရေးထိုးစေပြီး စားသုံးရန်မသင့် အဆိုပါငါးနှပ်များကို မုယောင်းအမှိုက်ကျင်းသို့ပို့ဆောင် ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ဆိုင် ၄ ဆိုင်အား စီမံခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မူရင်းထည့်သွင်းလာနိုင်သော ဖြစ်နိုင်ချေ ဖေါက်သည်တင်သွင်းသည့် နေရာများကို ဖေါ်ထုတ် ဆက်လက်စုံစမ်းဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း သိရသည်။








0 comments:
Post a Comment