Wednesday, September 4, 2019

ပြည်-တောင်ငူ ကားလမ်းပေါ်ရှိ ရေစီးနဲ့ မျောပါသွားသော တံတားအား ဘေလီတံတားသစ်အစားထိုး တည်ဆောက်ရန်ပြင်ဆင်

Image may contain: outdoor and nature

ပဲခူးတိုင်းဒေသကြီးအတွင်း (၃၁-၈-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်-ပေါက်ခေါင်း-အုတ်တွင်း-တောင်ငူလမ်းပေါ်ရှိ မိုင်တိုင် (၁/၃၉) (၁၉၀) ပေ တံတားသည် ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအခါ ထိုတံတားနေရာတွင် (၂၁၀)ပေအရှည် ဘေလီတံတားအား ယနေ့မှစ၍ ပြန်လည်တည်ဆောက်ပေးလျှက်ရှိပြီး (၆-၉-၂၀၁၉)ရက်နေ့အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Image may contain: one or more people, tree, mountain, outdoor and nature
Image may contain: sky, mountain, outdoor and nature
Image may contain: 1 person, sky, cloud and outdoor
Image may contain: one or more people, people standing, tree, plant, outdoor and nature

0 comments:

Post a Comment