
ေဆးဝါးစက္႐ုံ(အင္းစိန္) စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္သည္ ေဆးဝါး ထုပ္ပိုးပစၥည္းမ်ားထုတ္လုပ္ရန္အတြက္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ဝယ္ယူခဲ့ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ စစ္ေဆးေပၚေပါက္ခဲ့သည့္အတြက္ တရားစြဲဆိုခံထားရျခင္းျဖစ္သည္။
အဆုိပါတရားစြဲဆိုခံထားရမွုႏွင့္ ပတ္သက္၍ ေဒါက္တာေအာင္ေဇာ္မွ " သူ၏ပထမဆုံး႐ုံးခ်ိန္းမွာ လာေရာက္ဝန္းရံတဲ့ စက္႐ုံဝန္ထမ္းမ်ားကို ဌာနဆိုင္ရာမွ စစ္ေဆးအေရးယူမႈျပဳလုပ္တယ္လို႔ သိရပါတယ္၊ဒါနဲ႔ပတ္သက္လို႔ သမၼတ႐ုံးကလည္း အေရးမႈမလုပ္ထားဘူးလို႔ ေျပာထားတဲ့အတြက္ ကြၽန္ေတာ္အေနနဲ႔ ဌာနဆိုင္ရာမွ စစ္ေဆးအေရးယူမႈ မျပဳလုပ္ေစခ်င္ပါဘူး၊ အမွုႏွင့္ပတ္သက္၍ စြပ္စြဲခ်က္ ၃ ခ်က္အား-
၁။ လုပ္ထုံးလုပ္နည္းလြဲမွားတာနဲ႔ပတ္သက္လို႔ တင္ဒါေအာင္ ကုမၸဏီမွ ထုတ္လုပ္မႈ မျပည့္မီမွာစိုးတာေၾကာင့္ ယူသုံးခဲ့ျခင္းျဖစ္ပါတယ္။ စာခ်ဳပ္ပါအခ်က္အလက္မ်ားကို မေဖာက္ဖ်က္ခဲ့ပါ။
၂။ ေသြးေၾကာသြင္း ေဆးရည္ဘူး ၆ သိန္းေက်ာ္နဲ႔ပတ္သက္ၿပီး အမ်ားသူဌာအသုံးျပန္ရန္မသင့္ သတ္မွတ္တဲ့ကိစၥကို FDA နဲ႔ တရား႐ုံးမွာ ရင္ဆိုင္ေျဖရွင္းသြားပါမယ္။
၃။ ႏိုင္ငံေတာ္ဘ႑ာ ၄၇၂ သန္း ဆုံးရႈံးတယ္ဆိုတာ မဟုတ္ပါဘူး၊ ေသြးေၾကာသြင္း ဗူး ၁၇၆၀၀၀ က်ပ္ သန္း ၁၀၀ ေက်ာ္က ႏိုင္ငံေတာ္ကို ေပးသြင္းၿပီးျဖစ္၊ က်န္ေငြကလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေပးေခ်ရန္က်န္တာျဖစ္ပါတယ္။ ကြၽန္ေတာ့္မွာ ေငြေၾကးသုံးစြဲရန္ အာဏာမရွိတဲ့အတြက္ ႏိုင္ငံေတာ္ကို ဆုံးရႈံးနစ္နာေအာင္ ျပဳလုပ္ထားတာ မရွိပါဘူး" ဟု ေရးသားေျဖရွင္းထားေျကာင္းေတြ့ရွိရပါသည္။

Photo-Myo_Min_Htut
<<Unicode>>
BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်၏ ဖြေရှင်းချက် ၃ ချက်
Friday, September 20, 2019
ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါး ထုပ်ပိုးပစ္စည်းများထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
အဆိုပါတရားစွဲဆိုခံထားရမှုနှင့် ပတ်သက်၍ ဒေါက်တာအောင်ဇော်မှ " သူ၏ပထမဆုံးရုံးချိန်းမှာ လာရောက်ဝန်းရံတဲ့ စက်ရုံဝန်ထမ်းများကို ဌာနဆိုင်ရာမှ စစ်ဆေးအရေးယူမှုပြုလုပ်တယ်လို့ သိရပါတယ်၊ဒါနဲ့ပတ်သက်လို့ သမ္မတရုံးကလည်း အရေးမှုမလုပ်ထားဘူးလို့ ပြောထားတဲ့အတွက် ကျွန်တော်အနေနဲ့ ဌာနဆိုင်ရာမှ စစ်ဆေးအရေးယူမှု မပြုလုပ်စေချင်ပါဘူး၊ အမှုနှင့်ပတ်သက်၍ စွပ်စွဲချက် ၃ ချက်အား-
၁။ လုပ်ထုံးလုပ်နည်းလွဲမှားတာနဲ့ပတ်သက်လို့ တင်ဒါအောင် ကုမ္ပဏီမှ ထုတ်လုပ်မှု မပြည့်မီမှာစိုးတာကြောင့် ယူသုံးခဲ့ခြင်းဖြစ်ပါတယ်။ စာချုပ်ပါအချက်အလက်များကို မဖောက်ဖျက်ခဲ့ပါ။
၂။ သွေးကြောသွင်း ဆေးရည်ဘူး ၆ သိန်းကျော်နဲ့ပတ်သက်ပြီး အများသူဌာအသုံးပြန်ရန်မသင့် သတ်မှတ်တဲ့ကိစ္စကို FDA နဲ့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားပါမယ်။
၃။ နိုင်ငံတော်ဘဏ္ဍာ ၄၇၂ သန်း ဆုံးရှုံးတယ်ဆိုတာ မဟုတ်ပါဘူး၊ သွေးကြောသွင်း ဗူး ၁၇၆၀၀၀ ကျပ် သန်း ၁၀၀ ကျော်က နိုင်ငံတော်ကို ပေးသွင်းပြီးဖြစ်၊ ကျန်ငွေကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပေးချေရန်ကျန်တာဖြစ်ပါတယ်။ ကျွန်တော့်မှာ ငွေကြေးသုံးစွဲရန် အာဏာမရှိတဲ့အတွက် နိုင်ငံတော်ကို ဆုံးရှုံးနစ်နာအောင် ပြုလုပ်ထားတာ မရှိပါဘူး" ဟု ရေးသားဖြေရှင်းထားကြောင်းတွေ့ရှိရပါသည်။
#BPI #စက်ရုံမှူး #ဒေါက်တာအောင်ဇော် #Myanmar_Online_News






0 comments:
Post a Comment