
<<unicode>>
ဝိုင်းမော်မြို့နယ်၌ ဘိန်းဖြူ ၄.၀၅ ကီလို သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူများအား အရေးယူခဲ့
Friday, September 20, 2019
မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီး ဗန်းမော်-မြစ်ကြီးနားကားလမ်းမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များက ဗန်းမော်မှ မြစ်ကြီးနားသို့ နော်ဒင်နှင့် ဇော်နန် တို့ နှစ်ဦး မောင်းနှင်လာသည့် Mitsubishi Chariot Grandis ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ၎င်း ယာဉ်များ၏ဒက်ရှ်ဘုတ်အံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၄၀၅ ခွက် ဘိန်းဖြူ ၄.၀၅ ကီလိုနှင့် ငွေ ၁၂၅,၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါ နော်ဒင် နှင့် ဇော်နန်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ဝိုင်းမော် #ဘိန်းဖြူ
0 comments:
Post a Comment