
၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲကို ဟီလာရီနဲ႔ ေဒၚနယ္ထရမ့္တို႔ ဝင္ၿပိဳင္ရာမွာ Facebook ကေန ေၾကာ္ျငာအၿပိဳင္ထည့္ခဲ့ၾကတယ္။ ဟီလာရီကလင္တန္ရဲ႕ campaign အတြက္ ေၾကာ္ျငာခ ေဒၚလာ ၆ ေသာင္းေက်ာ္ အသံုးျပဳခဲ့ၾကၿပီးေဒၚနယ္ထရမ့္ကေတာ့ ေၾကာ္ျငာဖိုး ၅.၆ သန္း သံုးခဲ့ပါတယ္။
မဲေရတြက္ရာမွာလည္း မသမာမႈမေပၚေပါက္ခဲ့ဘဲ ထရမ့္ကပဲအႏိုင္ရခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ မဲမလိမ္ခဲ့ပါဘူး။ U.Sျပည္သူေတြရဲ႕ အမွန္အကန္ ေထာက္ခံမဲရလဒ္ေတြနဲ႔ သမၼတရာထူးကို ရခဲ့တာပါ။ ဒါေပမယ့္ ေထာက္ခံမဲေတြ ရ႐ွိေအာင္လို႔ဘယ္လိုလုပ္ခဲ့သလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။
ေဒၚနယ္ထရမ့္တို႔အဖြဲ႔ဟာ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ Cambr idge Analytica ဆိုတဲ့ data ကုမၸဏီကို ငွါးရမ္းပါတယ္။ အဲဒီ CA ဆိုတဲ့ ကုမၸဏီက ႏိုင္ငံေပါင္း ၃၀ ေက်ာ္မွာေရြးေကာက္ပြဲမဲဆြယ္ေပးတဲ့ ဝန္ေဆာင္မႈကို အခေၾကးေငြနဲ႔လုပ္ေပးခဲ့ဖူးပါတယ္။ မဲဆြယ္တယ္ဆိုလို႔ တႏိုင္ငံလံုးလွည့္ၿပီးတလမ္းဝင္တလမ္းထြက္ လိုက္ေဟာေျပာေပးရတယ္လို႔ေတာ့မထင္ပါနဲ႔။ အခန္းထဲကမထြက္ ထိုင္ရာမထ မဲဆြယ္ေပးႏိုင္တဲ့
နည္းလမ္းမ်ိဳးကို အသံုးျပဳတာပါ။
*******************************************
ေဒၚနယ္ထရမ့္ရဲ႕ မဲဆြယ္ေရးအဖြဲ႔ C.A က US ျပည္သူေတြကို အုပ္စုသံုးစု အရင္ခြဲပါတယ္။ ပထမအုပ္စုကိုေတာ့ မဲဆြယ္ဖို႔ရာ မလြယ္ကူသူမ်ားအုပ္စုလို႔ သတ္မွတ္ပါတယ္။ အိုဘားမားတို႔ဒီမိုကရက္တစ္ပါတီကို အႂကြင္းမ႐ွိယံုၾကည္ေထာက္ခံသူမ်ားအုပ္စုေပါ့။ အဲဒီအုပ္စုကိုေတာ့ ေမ့ထားလိုက္ပါတယ္။
ဒုတိယအုပ္စုကေတာ့ ေဒၚနယ္ထရမ့္ရဲ႕ ရီပတ္ဘလစ္ကန္ပါတီေထာက္ခံသူမ်ားအဖြဲ႔ေပါ့။ C.A က ပစ္မွတ္ထားတဲ့ အုပ္စုကတတိယအုပ္စုပါ။ အဲဒီအုပ္စုကို persuables လို႔ အမည္ေပးထားပါတယ္။စြဲေဆာင္သိမ္းသြင္းလို႔ ရႏိုင္သူမ်ားအုပ္စုေပါ့ေလ။အဲဒီအုပ္စုမွာ လူမ်ိဳးစံုပါပါတယ္။ ဘယ္ပါတီကို ေထာက္ခံရမွန္းမေသခ်ာဘဲ ဝါးတားတားျဖစ္ေနသူ၊ ၊ႏိုင္ငံေရး စိတ္မဝင္စား၊မဲေပးဖို႔ေတာင္ စိတ္ကူးမ႐ွိသူေတြ၊ဒီမိုကရက္တစ္ ေထာက္ခံ
ေပမယ့္လည္း ရပ္တည္မႈမခိုင္မာသူေတြ ပါဝင္ပါတယ္။
အဲဒီတတိယအုပ္စုမွာပဲ US ျပည္သူေတြ သန္းခ်ီၿပီး႐ွိပါတယ္။အဲဒီေတာ့ C.A အေနနဲ႔ ဘယ္သူေတြက ဘယ္အုပ္စုကလဲ?ဘယ္သူ႔ကို ဘယ္လိုနည္းလမ္းနဲ႔ စည္းရံုးမလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းလာၿပီ။ C.A အသံုးခ်သြားတဲ့ လက္နက္ကFacebook ပါပဲ။
******************************************
C.A ကုမၼဏီဟာ Facebook နဲ႔ စာခ်ဳပ္တခုခ်ဳပ္ဆိုခဲ့ၿပီးအဲဒီစာခ်ဳပ္အရ Facebook အသံုးျပဳသူေတြရဲ႕အျပဳအမူ၊သံုးစြဲပံုေတြကို ေလ့လာအသံုးခ်ခြင့္ရသြားပါတယ္။ေျပာရရင္Facebook ဟာ အသံုးျပဳသူေတြရဲ႕data ကို user ေတြမသိေအာင္ ျပန္ေရာင္းလိုက္တာပါပဲ။ data ဆိုလို႔ ပံုေတြ၊
ဖုန္းနံပါတ္ေတြ၊ password ေတြလို data မ်ိဳး မဟုတ္။FB အသံုးျပဳသူေတြရဲ႕ သံုးစြဲပံု behaviour ေတြပါ။
User တစ္ေယာက္ဟာ ဘယ္လို post ေတြ တင္သလဲ၊share သလဲ၊ ဘယ္လိုအေၾကာင္းအရာေတြကို like လဲ၊ဝင္ၿပီး ment သလဲ၊ ဘယ္ page ေတြကို follow လုပ္ထားလဲ၊ ဘယ္လို group ေတြထဲ ဝင္ထားလဲ စတာေတြအားလံုးကို C.A က စစ္တမ္းေကာက္၊ တြက္ခ်က္သံုးသပ္ပါတယ္။အဲဒီမွာတင္ ဒီလူဟာ ဘယ္လိုအမ်ိဳးအစားဆိုတာအေျဖထြက္ပါတယ္။ၿပီးေတာ့ အေပၚမွာ ပိုင္းျခားသတ္မွတ္ထားတဲ့ အုပ္စုသံုးစုအနက္ ဘယ္အုပ္စုမွာ ပါသလဲဆိုတာသံုးသပ္ဆံုးျဖတ္ပါတယ္။တတိယအုပ္စု persuables
အဖြဲ႔ထဲမွာ ပါတယ္လို႔ အေျဖထြက္တာနဲ႔ အဲဒီ account ပိုင္႐ွင္ဟာ သူတို႔ရဲ႕ပစ္မွတ္စာရင္းထဲ ပါဝင္သြားပါၿပီ။
****************************************
Persuables အုပ္စုက account ေတြကို စည္းရံုးတဲ့ နည္းလမ္းက ပညာသားပါပါတယ္။ အဲဒီ account ႐ွင္ေတြဆီကို ( ထရမ့္ကို မဲေပးပါ၊ ဟီလာရီကို မဲမထည့္ပါနဲ႔)ဆိုတဲ့ တဲ့တိုး message ေတြမ်ိဳးပို႔ၿပီး မဲမဆြယ္ခဲ့ပါဘူး။အဲဒီ account ႐ွင္ေတြဟာ Facebook ဖြင့္တာနဲ႔ပဲUS မွာ မူးယစ္ေဆးဝါးအမႈေတြ မ်ားလာတာ၊ မႈခင္းေတြမ်ားလာ၊ အခြန္အခေတြ တိုးျမင့္တာ၊နယ္စပ္ခိုးဝင္မႈေတြပိုမ်ားလာတာ၊ ေလာင္စာေစ်းေတြ ႀကီးျမင့္လာတာ စတဲ့negative သတင္းမ်ိဳးေတြပဲ ဖတ္ရမွာပါ။ တရက္လည္းမဟုတ္ ႏွစ္ရက္လည္း မဟုတ္ ေန႔တိုင္း FB ဖြင့္ေလတိုင္းအနိဌာရံုသတင္းေတြ၊ စိတ္မသက္သာစရာသတင္းေတြပဲဖတ္ေနရမွာပါ။ သတင္းေတြ အေကာင္းေရာ အဆိုးေရာ႐ွိေနတာကိုမွ ဆိုးတာေတြကိုပဲ ေရြးျပေပးေနမွာပါ။
အဲဒီေတာ့ FB user ရဲ႕ စိတ္ထဲမွာ လက္႐ွိအစိုးရကို ယံုၾကည္စိတ္ေလ်ာ့ပါးလာၿပီး အိုဘားမား အစိုးရအဖြဲ႔ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ႏိုင္ငံဟာ အေျခအေနဆိုးေနၿပီလို႔သံသယဝင္လာတယ္။ဒါ့အျပင္ ၿပိဳင္ဖက္ ဟီလာရီရဲ႕
အတင္းအဖ်င္း၊ ေကာလဟာလသတင္းေတြ၊ဟီလာရီကိုကဲ့ရဲ႕ေလွာင္ေျပာင္ထားတဲ့ ကာတြန္းေတြ၊meme ေတြ၊သေရာ္စာေတြကို newsfeed မွာ မ်ားမ်ားျပေပးတယ္။အဲဒီေတာ့ FB user ဟာ လက္႐ွိ ဒီမိုကရက္တစ္အစိုးရကိုေရာ၊ သမၼတေလာင္းဟီလာရီကိုပါ တစစနဲ႔ယံုၾကည္မႈကင္းမဲ့လာတယ္။
နကိုကမွ ရပ္တည္ခ်က္မခိုင္မာဘဲ ေတြေဝတတ္တဲ့ ပစ္မွတ္user ဟာ FB က အကြက္ဆင္ထားတဲ့ ဝါဒျဖန္႔လိႈင္းလံုးရဲ႕ေအာက္မွာ နစ္ေမ်ာသြားၿပီး (ထရမ့္ကို မၾကည္ညိဳေပမယ့္)ဒီမိုကရက္တစ္အစိုးရကို မယံုတဲ့စိတ္နဲ႔ပဲ ေဒၚနယ္ထရမ့္ကိုပဲေထာက္ခံမဲေပးဖို႔ ဆံုးျဖတ္လိုက္ေတာ့တယ္။Facebookနဲ႔Cambridge Analytical တို႔ဟာ လူခ်င္းလည္း မဆံု၊
message တေစာင္မပို႔ပါဘဲနဲ႔ လူတေယာက္ရဲ႕ခံယူခ်က္၊ဆံုးျဖတ္ခ်က္ကို သူတို႔ ေစလိုရာအတိုင္း ျဖစ္ေစခဲ့တယ္။
****************************************
အေပၚမွာ ေျပာျပခဲ့တဲ့ data အလြဲသံုးစားလုပ္မႈႀကီးဟာေဒၚနယ္ထရမ့္ကို သမၼတျဖစ္ေစခဲ့သလို အဲဒီ project အတြက္လည္း တရက္ကို ေဒၚလာ ၁ သန္းေက်ာ္ သံုးစြဲၿပီးရင္းခဲ့ရတာပါ။ Facebook ဟာ US က FB user
သန္းဆယ္နဲ႔ခ်ီတဲ့ ျပည္သူေတြရဲ႕ အခ်က္အလက္ေတြကိုC.A ဆီကို ေရာင္းခ်ခဲ့တာပါ။ဒါ့အျပင္ တတိယအုပ္စုကuser ေတြကို အလိမၼာနည္းနဲ႔ မဲဆြယ္သိမ္းသြင္းခဲ့ရာမွာကူညီေပးခဲ့ပါေသးတယ္။
ဒီျဖစ္စဥ္ကို ရိပ္စားမိတဲ့ user တေယာက္က တိုင္ခဲ့ရာကစံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္၊ C.A ဝန္ထမ္းေဟာင္းေတြကေဖာ္ေကာင္လုပ္ေတာ့မွ ဒီမသမာမႈႀကီးဟာ ဗူးေပၚသလိုေပၚလာရတာပါ။ဒီအျဖစ္အပ်က္ကို The Great Hack ဆိုတဲ့အမည္နဲ႔ Netflix က documentary ႐ိုက္ကူးပါတယ္။သ႐ုပ္ေဆာင္ေတြ မသံုးဘဲ အျပင္က ဆိုင္ရာပုဂၢိဳလ္ေတြနဲ႔႐ိုက္ကူးတင္ဆက္ထားတာပါ။ ဒီအမႈေၾကာင့္ C.A လည္းဖ်က္သိမ္းခဲ့ရၿပီး မီးခိုးႂကြက္ေလွ်ာက္လိုက္ရာကေန ခုဆိုFacebook လည္း ဒဏ္ေၾကး ေဒၚလာသန္း ၅ ေထာင္႐ိုက္ခံရမယ့္ အေျခအေန ေရာက္ေနပါၿပီ။
****************************************
ကြၽန္ေတာ္တို႔အားလံုးသံုးေနၾကတဲ့ Facebook ဟာအလကားေပးတဲ့ application တခုပါ။ accountလုပ္ရင္လည္း အလကားရပါတယ္။ တကမၻာလံုးကေနသံုးေနတဲ့ အခမဲ့ user သန္းေပါင္းမ်ားစြာရဲ႕ဓာတ္ပံု၊ဗီဒီယိုေတြ၊ profile အခ်က္အလက္ေတြ၊ data ေတြအားလံုးကို သိမ္းထားေပး၊ အခမဲ့ service ေတြေပး၊update တခါေပးတိုင္း download ဆြဲအသံုးျပဳသူသန္းတစ္ေထာင္ေက်ာ္႐ွိေနတဲ့ အားလံုးခ်စ္ၾက၊စြဲၾကတဲ့free applica tion တခုဟာ ေၾကာ္ျငာေတြက ရတဲ့ပိုက္ဆံနဲ႔ပဲ လည္ပတ္ေနတာ မဟုတ္ပါဘူး။ အခုလိုေဒၚလာသန္းခ်ီၿပီး ရတဲ့ data အေရာင္းအဝယ္မ်ိဳးေတြ
ေနာက္ကြယ္မွာ ႐ွိေနပါတယ္။ ႏိုင္ငံတႏိုင္ငံရဲ႕ၾကမၼာကိုေျပာင္းလဲပစ္ႏိုင္တဲ့ ေၾကာက္စရာလက္နက္တခုလည္းျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ဟာ Facebook account လုပ္တာနဲ႔အဲဒီ account နဲ႔ ပတ္သက္သမွ် အရာအကုန္လံုးကိုFacebook ဆီမွာ ဝကြက္အပ္လိုက္ရပါၿပီ။settingမွာေတာ့ profile data ေတြကို only me လုပ္လို႔ရေပမယ့္ Facebok ကေတာ့ ျမင္ႏိုင္ေနတာပါပဲ။အခုထိေတာ့ FB က user ေတြရဲ႕ data ေတြကို ျပန္ၿပီးမမွ်ေဝပါဘူးလို႔ အာမခံေနဆဲဆိုေပမယ့္ ယံုၾကည္ဖို႔ရာခက္ခဲသြားပါၿပီ။ US လို နည္းပညာအသိအျမင္ျမင့္တဲ့ေနရာမ်ိဳးမွာေတာင္ data ေရာင္းစားရဲတာမို႔ က်န္တဲ့ေနရာမွာေတာ့ ဆိုဖြယ္ရာမ႐ွိေပါ့။
ၿပီးေတာ့ user ေတြကို သူတို႔ရဲ႕ထိန္းခ်ဳပ္မႈေအာက္ကိုေရာက္ေအာင္ ကြၽန္ျပဳႏိုင္တဲ့ အေျခအေနလည္း ႐ွိႏိုင္ပါေသးတယ္။ ကြၽန္ေတာ္တို႔ဘာသာ account တုပဲဖြင့္ဖြင့္၊ ဘာ post မွ မတင္၊ မ share ဘဲ silentသံုးသံုး၊ profile ကို private setting ပဲ ခ်ိန္းခ်ိန္း၊facebook ဟာ ကြၽန္ေတာ္တို႔ ဘယ္လိုလူမ်ိဳးဆိုတာသိေနပါတယ္။ search ထဲမွာ ဘာေတြ ႐ွာထားလဲ၊
ဘယ္သူ႔ရဲ႕ profile ေတြကို ဝင္ၾကည့္ေနလဲ၊ဘယ္လိုpage ေတြကို ပံုမွန္ဝင္ဖတ္ေနလဲဆိုတာ သိေနတယ္။
အဲဒီသူသိထားတဲ့ အခ်က္အလက္ေတြကို တြက္ခ်က္ၿပီးကြၽန္ေတာ္တို႔ကို သူ ျဖစ္ေစခ်င္သလို ပံုသြင္းလို႔ရတယ္။Newsfeed မွာ သူ ဦးစားေပးျပတာကို ၾကည့္ရတယ္။သူ ျမင္ေစခ်င္တာေတြကိုပဲ ၾကည့္ရမယ္။ အဲဒီလိုကေနတျဖည္းျဖည္းနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ယံုၾကည္ခ်က္၊ခံယူခ်က္၊အေတြးအျမင္ေတြကို သူ ျဖစ္ေစခ်င္တဲ့အတိုင္း ပံုသြင္းေပးႏိုင္ပါတယ္။Handset အမ်ိဳးအစားတခုအေၾကာင္း႐ွာၾကည့္ဖူးတာနဲ႔ phone ေၾကာ္ျငာေတြ လာျပေနတာၾကံဳဖူးၾကမွာေပါ့။
ေသခ်ာေတြးၾကည့္ရင္ ကိုယ္ဘယ္လိုလူစားမ်ိဳးလဲဆိုတာကိုယ့္မိသားစုေတြ မသိေအာင္သာ လွ်ိဳ႕ဝွက္ေနလို႔ ရခ်င္ရမယ္။ Facebook သံုးလိုက္ၿပီဆိုတာနဲ႔ ကိုယ္ပဲသိတဲ့ကိုယ့္အေၾကာင္းေတြကို သူ႔ဆီကို ဖြင့္ဟဝန္ခံလိုက္ရၿပီ။ေမးခြန္းတခု ထုတ္ၾကည့္ခ်င္တယ္။ ကြၽန္ေတာ္တို႔ကပဲ Faceboo k ကို အသံုးျပဳေနလား? Facebook ကပဲကြၽန္ေတာ္တို႔ကို ျပန္အသံုးျပဳေနသလား?
( Facebook ကိုပဲ ဒုတိယဘဝႀကီးလို မွီခိုစြဲလမ္းေနတဲ့
ကြၽန္ေတာ္တို႔ဆီက လူေတြ သတိခ်ပ္ႏိုင္ဖို႔ပါ၊)
Phyo Myint Wai
<< Unicode >>
အနီးဆုံးရန်သူ (သို့မဟုတ်) Facebook
Tuesday, September 17, 2019
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဟီလာရီနဲ့ ဒေါ်နယ်ထရမ့်တို့ ဝင်ပြိုင်ရာမှာ Facebook ကနေ ကြော်ငြာအပြိုင်ထည့်ခဲ့ကြတယ်။ ဟီလာရီကလင်တန်ရဲ့ campaign အတွက် ကြော်ငြာခ ဒေါ်လာ ၆ သောင်းကျော် အသုံးပြုခဲ့ကြပြီးဒေါ်နယ်ထရမ့်ကတော့ ကြော်ငြာဖိုး ၅.၆ သန်း သုံးခဲ့ပါတယ်။
မဲရေတွက်ရာမှာလည်း မသမာမှုမပေါ်ပေါက်ခဲ့ဘဲ ထရမ့်ကပဲအနိုင်ရခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မဲမလိမ်ခဲ့ပါဘူး။ U.Sပြည်သူတွေရဲ့ အမှန်အကန် ထောက်ခံမဲရလဒ်တွေနဲ့ သမ္မတရာထူးကို ရခဲ့တာပါ။ ဒါပေမယ့် ထောက်ခံမဲတွေ ရရှိအောင်လို့ဘယ်လိုလုပ်ခဲ့သလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ဒေါ်နယ်ထရမ့်တို့အဖွဲ့ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် Cambr idge Analytica ဆိုတဲ့ data ကုမ္ပဏီကို ငှါးရမ်းပါတယ်။ အဲဒီ CA ဆိုတဲ့ ကုမ္ပဏီက နိုင်ငံပေါင်း ၃၀ ကျော်မှာရွေးကောက်ပွဲမဲဆွယ်ပေးတဲ့ ဝန်ဆောင်မှုကို အခကြေးငွေနဲ့လုပ်ပေးခဲ့ဖူးပါတယ်။ မဲဆွယ်တယ်ဆိုလို့ တနိုင်ငံလုံးလှည့်ပြီးတလမ်းဝင်တလမ်းထွက် လိုက်ဟောပြောပေးရတယ်လို့တော့မထင်ပါနဲ့။ အခန်းထဲကမထွက် ထိုင်ရာမထ မဲဆွယ်ပေးနိုင်တဲ့
နည်းလမ်းမျိုးကို အသုံးပြုတာပါ။
*******************************************
ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ C.A က US ပြည်သူတွေကို အုပ်စုသုံးစု အရင်ခွဲပါတယ်။ ပထမအုပ်စုကိုတော့ မဲဆွယ်ဖို့ရာ မလွယ်ကူသူများအုပ်စုလို့ သတ်မှတ်ပါတယ်။ အိုဘားမားတို့ဒီမိုကရက်တစ်ပါတီကို အကြွင်းမရှိယုံကြည်ထောက်ခံသူများအုပ်စုပေါ့။ အဲဒီအုပ်စုကိုတော့ မေ့ထားလိုက်ပါတယ်။
ဒုတိယအုပ်စုကတော့ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီထောက်ခံသူများအဖွဲ့ပေါ့။ C.A က ပစ်မှတ်ထားတဲ့ အုပ်စုကတတိယအုပ်စုပါ။ အဲဒီအုပ်စုကို persuables လို့ အမည်ပေးထားပါတယ်။စွဲဆောင်သိမ်းသွင်းလို့ ရနိုင်သူများအုပ်စုပေါ့လေ။အဲဒီအုပ်စုမှာ လူမျိုးစုံပါပါတယ်။ ဘယ်ပါတီကို ထောက်ခံရမှန်းမသေချာဘဲ ဝါးတားတားဖြစ်နေသူ၊ ၊နိုင်ငံရေး စိတ်မဝင်စား၊မဲပေးဖို့တောင် စိတ်ကူးမရှိသူတွေ၊ဒီမိုကရက်တစ် ထောက်ခံ
ပေမယ့်လည်း ရပ်တည်မှုမခိုင်မာသူတွေ ပါဝင်ပါတယ်။
အဲဒီတတိယအုပ်စုမှာပဲ US ပြည်သူတွေ သန်းချီပြီးရှိပါတယ်။အဲဒီတော့ C.A အနေနဲ့ ဘယ်သူတွေက ဘယ်အုပ်စုကလဲ?ဘယ်သူ့ကို ဘယ်လိုနည်းလမ်းနဲ့ စည်းရုံးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာပြီ။ C.A အသုံးချသွားတဲ့ လက်နက်ကFacebook ပါပဲ။
******************************************
C.A ကုမ္မဏီဟာ Facebook နဲ့ စာချုပ်တခုချုပ်ဆိုခဲ့ပြီးအဲဒီစာချုပ်အရ Facebook အသုံးပြုသူတွေရဲ့အပြုအမူ၊သုံးစွဲပုံတွေကို လေ့လာအသုံးချခွင့်ရသွားပါတယ်။ပြောရရင်Facebook ဟာ အသုံးပြုသူတွေရဲ့data ကို user တွေမသိအောင် ပြန်ရောင်းလိုက်တာပါပဲ။ data ဆိုလို့ ပုံတွေ၊
ဖုန်းနံပါတ်တွေ၊ password တွေလို data မျိုး မဟုတ်။FB အသုံးပြုသူတွေရဲ့ သုံးစွဲပုံ behaviour တွေပါ။
User တစ်ယောက်ဟာ ဘယ်လို post တွေ တင်သလဲ၊share သလဲ၊ ဘယ်လိုအကြောင်းအရာတွေကို like လဲ၊ဝင်ပြီး ment သလဲ၊ ဘယ် page တွေကို follow လုပ်ထားလဲ၊ ဘယ်လို group တွေထဲ ဝင်ထားလဲ စတာတွေအားလုံးကို C.A က စစ်တမ်းကောက်၊ တွက်ချက်သုံးသပ်ပါတယ်။အဲဒီမှာတင် ဒီလူဟာ ဘယ်လိုအမျိုးအစားဆိုတာအဖြေထွက်ပါတယ်။ပြီးတော့ အပေါ်မှာ ပိုင်းခြားသတ်မှတ်ထားတဲ့ အုပ်စုသုံးစုအနက် ဘယ်အုပ်စုမှာ ပါသလဲဆိုတာသုံးသပ်ဆုံးဖြတ်ပါတယ်။တတိယအုပ်စု persuables
အဖွဲ့ထဲမှာ ပါတယ်လို့ အဖြေထွက်တာနဲ့ အဲဒီ account ပိုင်ရှင်ဟာ သူတို့ရဲ့ပစ်မှတ်စာရင်းထဲ ပါဝင်သွားပါပြီ။
****************************************
Persuables အုပ်စုက account တွေကို စည်းရုံးတဲ့ နည်းလမ်းက ပညာသားပါပါတယ်။ အဲဒီ account ရှင်တွေဆီကို ( ထရမ့်ကို မဲပေးပါ၊ ဟီလာရီကို မဲမထည့်ပါနဲ့)ဆိုတဲ့ တဲ့တိုး message တွေမျိုးပို့ပြီး မဲမဆွယ်ခဲ့ပါဘူး။အဲဒီ account ရှင်တွေဟာ Facebook ဖွင့်တာနဲ့ပဲUS မှာ မူးယစ်ဆေးဝါးအမှုတွေ များလာတာ၊ မှုခင်းတွေများလာ၊ အခွန်အခတွေ တိုးမြင့်တာ၊နယ်စပ်ခိုးဝင်မှုတွေပိုများလာတာ၊ လောင်စာဈေးတွေ ကြီးမြင့်လာတာ စတဲ့negative သတင်းမျိုးတွေပဲ ဖတ်ရမှာပါ။ တရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ် နေ့တိုင်း FB ဖွင့်လေတိုင်းအနိဌာရုံသတင်းတွေ၊ စိတ်မသက်သာစရာသတင်းတွေပဲဖတ်နေရမှာပါ။ သတင်းတွေ အကောင်းရော အဆိုးရောရှိနေတာကိုမှ ဆိုးတာတွေကိုပဲ ရွေးပြပေးနေမှာပါ။
အဲဒီတော့ FB user ရဲ့ စိတ်ထဲမှာ လက်ရှိအစိုးရကို ယုံကြည်စိတ်လျော့ပါးလာပြီး အိုဘားမား အစိုးရအဖွဲ့ရဲ့အုပ်ချုပ်မှုအောက်မှာ နိုင်ငံဟာ အခြေအနေဆိုးနေပြီလို့သံသယဝင်လာတယ်။ဒါ့အပြင် ပြိုင်ဖက် ဟီလာရီရဲ့
အတင်းအဖျင်း၊ ကောလဟာလသတင်းတွေ၊ဟီလာရီကိုကဲ့ရဲ့လှောင်ပြောင်ထားတဲ့ ကာတွန်းတွေ၊meme တွေ၊သရော်စာတွေကို newsfeed မှာ များများပြပေးတယ်။အဲဒီတော့ FB user ဟာ လက်ရှိ ဒီမိုကရက်တစ်အစိုးရကိုရော၊ သမ္မတလောင်းဟီလာရီကိုပါ တစစနဲ့ယုံကြည်မှုကင်းမဲ့လာတယ်။
နကိုကမှ ရပ်တည်ချက်မခိုင်မာဘဲ တွေဝေတတ်တဲ့ ပစ်မှတ်user ဟာ FB က အကွက်ဆင်ထားတဲ့ ဝါဒဖြန့်လှိုင်းလုံးရဲ့အောက်မှာ နစ်မျောသွားပြီး (ထရမ့်ကို မကြည်ညိုပေမယ့်)ဒီမိုကရက်တစ်အစိုးရကို မယုံတဲ့စိတ်နဲ့ပဲ ဒေါ်နယ်ထရမ့်ကိုပဲထောက်ခံမဲပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။Facebookနဲ့Cambridge Analytical တို့ဟာ လူချင်းလည်း မဆုံ၊
message တစောင်မပို့ပါဘဲနဲ့ လူတယောက်ရဲ့ခံယူချက်၊ဆုံးဖြတ်ချက်ကို သူတို့ စေလိုရာအတိုင်း ဖြစ်စေခဲ့တယ်။
****************************************
အပေါ်မှာ ပြောပြခဲ့တဲ့ data အလွဲသုံးစားလုပ်မှုကြီးဟာဒေါ်နယ်ထရမ့်ကို သမ္မတဖြစ်စေခဲ့သလို အဲဒီ project အတွက်လည်း တရက်ကို ဒေါ်လာ ၁ သန်းကျော် သုံးစွဲပြီးရင်းခဲ့ရတာပါ။ Facebook ဟာ US က FB user
သန်းဆယ်နဲ့ချီတဲ့ ပြည်သူတွေရဲ့ အချက်အလက်တွေကိုC.A ဆီကို ရောင်းချခဲ့တာပါ။ဒါ့အပြင် တတိယအုပ်စုကuser တွေကို အလိမ္မာနည်းနဲ့ မဲဆွယ်သိမ်းသွင်းခဲ့ရာမှာကူညီပေးခဲ့ပါသေးတယ်။
ဒီဖြစ်စဉ်ကို ရိပ်စားမိတဲ့ user တယောက်က တိုင်ခဲ့ရာကစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်၊ C.A ဝန်ထမ်းဟောင်းတွေကဖော်ကောင်လုပ်တော့မှ ဒီမသမာမှုကြီးဟာ ဗူးပေါ်သလိုပေါ်လာရတာပါ။ဒီအဖြစ်အပျက်ကို The Great Hack ဆိုတဲ့အမည်နဲ့ Netflix က documentary ရိုက်ကူးပါတယ်။သရုပ်ဆောင်တွေ မသုံးဘဲ အပြင်က ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီအမှုကြောင့် C.A လည်းဖျက်သိမ်းခဲ့ရပြီး မီးခိုးကြွက်လျှောက်လိုက်ရာကနေ ခုဆိုFacebook လည်း ဒဏ်ကြေး ဒေါ်လာသန်း ၅ ထောင်ရိုက်ခံရမယ့် အခြေအနေ ရောက်နေပါပြီ။
****************************************
ကျွန်တော်တို့အားလုံးသုံးနေကြတဲ့ Facebook ဟာအလကားပေးတဲ့ application တခုပါ။ accountလုပ်ရင်လည်း အလကားရပါတယ်။ တကမ္ဘာလုံးကနေသုံးနေတဲ့ အခမဲ့ user သန်းပေါင်းများစွာရဲ့ဓာတ်ပုံ၊ဗီဒီယိုတွေ၊ profile အချက်အလက်တွေ၊ data တွေအားလုံးကို သိမ်းထားပေး၊ အခမဲ့ service တွေပေး၊update တခါပေးတိုင်း download ဆွဲအသုံးပြုသူသန်းတစ်ထောင်ကျော်ရှိနေတဲ့ အားလုံးချစ်ကြ၊စွဲကြတဲ့free applica tion တခုဟာ ကြော်ငြာတွေက ရတဲ့ပိုက်ဆံနဲ့ပဲ လည်ပတ်နေတာ မဟုတ်ပါဘူး။ အခုလိုဒေါ်လာသန်းချီပြီး ရတဲ့ data အရောင်းအဝယ်မျိုးတွေ
နောက်ကွယ်မှာ ရှိနေပါတယ်။ နိုင်ငံတနိုင်ငံရဲ့ကြမ္မာကိုပြောင်းလဲပစ်နိုင်တဲ့ ကြောက်စရာလက်နက်တခုလည်းဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ Facebook account လုပ်တာနဲ့အဲဒီ account နဲ့ ပတ်သက်သမျှ အရာအကုန်လုံးကိုFacebook ဆီမှာ ဝကွက်အပ်လိုက်ရပါပြီ။settingမှာတော့ profile data တွေကို only me လုပ်လို့ရပေမယ့် Facebok ကတော့ မြင်နိုင်နေတာပါပဲ။အခုထိတော့ FB က user တွေရဲ့ data တွေကို ပြန်ပြီးမမျှဝေပါဘူးလို့ အာမခံနေဆဲဆိုပေမယ့် ယုံကြည်ဖို့ရာခက်ခဲသွားပါပြီ။ US လို နည်းပညာအသိအမြင်မြင့်တဲ့နေရာမျိုးမှာတောင် data ရောင်းစားရဲတာမို့ ကျန်တဲ့နေရာမှာတော့ ဆိုဖွယ်ရာမရှိပေါ့။
ပြီးတော့ user တွေကို သူတို့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်အောင် ကျွန်ပြုနိုင်တဲ့ အခြေအနေလည်း ရှိနိုင်ပါသေးတယ်။ ကျွန်တော်တို့ဘာသာ account တုပဲဖွင့်ဖွင့်၊ ဘာ post မှ မတင်၊ မ share ဘဲ silentသုံးသုံး၊ profile ကို private setting ပဲ ချိန်းချိန်း၊facebook ဟာ ကျွန်တော်တို့ ဘယ်လိုလူမျိုးဆိုတာသိနေပါတယ်။ search ထဲမှာ ဘာတွေ ရှာထားလဲ၊
ဘယ်သူ့ရဲ့ profile တွေကို ဝင်ကြည့်နေလဲ၊ဘယ်လိုpage တွေကို ပုံမှန်ဝင်ဖတ်နေလဲဆိုတာ သိနေတယ်။
အဲဒီသူသိထားတဲ့ အချက်အလက်တွေကို တွက်ချက်ပြီးကျွန်တော်တို့ကို သူ ဖြစ်စေချင်သလို ပုံသွင်းလို့ရတယ်။Newsfeed မှာ သူ ဦးစားပေးပြတာကို ကြည့်ရတယ်။သူ မြင်စေချင်တာတွေကိုပဲ ကြည့်ရမယ်။ အဲဒီလိုကနေတဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်၊ခံယူချက်၊အတွေးအမြင်တွေကို သူ ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းပေးနိုင်ပါတယ်။Handset အမျိုးအစားတခုအကြောင်းရှာကြည့်ဖူးတာနဲ့ phone ကြော်ငြာတွေ လာပြနေတာကြုံဖူးကြမှာပေါ့။
သေချာတွေးကြည့်ရင် ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာကိုယ့်မိသားစုတွေ မသိအောင်သာ လျှို့ဝှက်နေလို့ ရချင်ရမယ်။ Facebook သုံးလိုက်ပြီဆိုတာနဲ့ ကိုယ်ပဲသိတဲ့ကိုယ့်အကြောင်းတွေကို သူ့ဆီကို ဖွင့်ဟဝန်ခံလိုက်ရပြီ။မေးခွန်းတခု ထုတ်ကြည့်ချင်တယ်။ ကျွန်တော်တို့ကပဲ Faceboo k ကို အသုံးပြုနေလား? Facebook ကပဲကျွန်တော်တို့ကို ပြန်အသုံးပြုနေသလား?
( Facebook ကိုပဲ ဒုတိယဘဝကြီးလို မှီခိုစွဲလမ်းနေတဲ့
ကျွန်တော်တို့ဆီက လူတွေ သတိချပ်နိုင်ဖို့ပါ၊)
Phyo Myint Wai






0 comments:
Post a Comment