
ဘဂၤလားေဒ့ရွ္ေရတပ္ပိုင္ Dockyard & Engineering Works (DEW) လြန္းက်င္းတြင္ ဆြီဒင္ႏိုင္ငံထုတ္ CB90 အမ်ိဳးအစား ေရယာဥ္မ်ားအေပၚ အေျခခံ တည္ေဆာက္ထားသည့္ Composite သံုး Stingray-class ကင္းလွည့္ေရယာဥ္ ငယ္မ်ားအား တည္ေဆာက္ခဲ့ျပီးျဖစ္ေၾကာင္းႏွင့္ ေရတပ္၊ ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ား၊ တရားဥပေဒစိုးမိုးေရး အဖြဲ႕မ်ားထံ သို႕လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနေၾကာင္း သိရွိရပါသည္။
ဘဂၤလားေဒ့ရွ္ေရတပ္သည္ Composite အသံုးျပဳသည့္ ေရယာဥ္ငယ္မ်ားတည္ေဆာက္ရန္ အင္ဒိုနီးရွား PT Lundin ကုမၸဏီႏွင့္ပူးေပါင္း ေဆာင္ရြက္ခဲ့ျခင္းျဖစ္ျပီး ေရယာဥ္တည္ေဆာက္ေရးအလုပ္ရံုေဆြးေႏြးပြဲအား ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ ၁၆ ရက္တြင္ ျပဳလုပ္ခဲ့ပါသည္။ အဆိုပါ ကင္းလွည့္ ေရယာဥ္မ်ားသည္ အလ်ား ၁၂ မီတာရွိျပီး ျမန္ႏႈန္းျမင့္ဒီဇယ္အင္ဂ်င္ ၂ လံုးအား Surface Drive သို႕မဟုတ္ Water Jet (၂)လံုးျဖင့္ တပ္ဆင္ ထားျပီး အျမန္ႏႈန္းတစ္နာရီ ၃၅ မိုင္အထိ ေမာင္းႏွင္ႏိုင္ေၾကာင္း သိရွိရပါ သည္။ ကင္းလွည့္ ေရယာဥ္အား တိုက္ခိုက္ေရးေရယာဥ္ႏွင့္ လူစီးေရ ယာဥ္အျဖစ္ ၂ မ်ိဳး တည္ေဆာက္ထားျပီး တိုက္ခိုက္ေရးေရယာဥ္မ်ားတြင္ 12.7mm ႏွင့္ 7.62mm စက္ေသနတ္မ်ား တပ္ဆင္ထားပါသည္။
အင္ဒိုနီးရွား PT Lundin ကုမၸဏီသည္ Stingray-class ကင္းလွည့္ေရ ယာဥ္ငယ္ ၂ စီးအား ဘဂၤလားေဒ့ရွ္ ကမ္းေျခစာင့္တပ္ဖြဲ႕သို႕ လႊဲေျပာင္းေပးခဲ့ျပီးျဖစ္ပါသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း တည္ေဆာက္ခဲ့သည့္ ကင္းလွည့္ေရယာဥ္သစ္မ်ားအား ေရတပ္ႏွင့္ကမ္းေျခေစာင့္ တပ္မ်ားသို႕ မၾကာမီလႊဲေျပာင္းေပးအပ္မည္ျဖစ္ျပီး ၾကားျဖတ္ဟန္႕တားေရး တာ၀န္ မ်ား၊ ကင္းလွည့္ျခင္း၊ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား၊ လူနာေျပာင္းေရႊ႕ သယ္ေဆာင္ျခင္းႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းစသည့္္က႑မ်ားတြင္ အသံုးျပဳမည္ျဖစ္ပါသည္။
တိုက္ခုိက္ေရးေရယာဥ္ငယ္မ်ားျဖင့္ စစ္ဆင္ေရး၊ ကြန္မန္ဒိုမ်ားျဖင့္ အထူးစစ္ဆင္ေရးမ်ား ေကာင္းစြာဆင္ႏႊဲႏိုင္ ေၾကာင္း သိရွိရပါသည္။ Stingray-class ကင္းလွည့္ေရယာဥ္မ်ားသည္ ေရစူးနည္းျပီး အပူပိုင္းေဒသတြင္ အသံုးျပဳႏိုင္ရန္ တည္ေဆာက္ထားေၾကာင္းႏွင့္ ကမ္းရိုးတန္း၊ ေရတိမ္ေဒသမ်ားႏွင့္ ျမစ္တြင္းစစ္ဆင္ေရးမ်ားတြင္ ေကာင္းစြာ အသံုးျပဳႏိုင္ေၾကာင္း ေတြ႔ရွိရပါသည္။
<<unicode>>
ဘင်္ဂလားဒေ့ရှ်ရေတပ်ပိုင် DEW လွန်းကျင်းတွင် Composite သုံး Stingray-class ကင်းလှည့်ရေယာဉ်ငယ်များအား တည်ဆောက်
Tuesday,September 17, 2019
ဘင်္ဂလားဒေ့ရှ်ရေတပ်ပိုင် Dockyard & Engineering Works (DEW) လွန်းကျင်းတွင် ဆွီဒင်နိုင်ငံထုတ် CB90 အမျိုးအစား ရေယာဉ်များအပေါ် အခြေခံ တည်ဆောက်ထားသည့် Composite သုံး Stingray-class ကင်းလှည့်ရေယာဉ် ငယ်များအား တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ရေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ များ၊တရားဥပဒေစိုးမိုးရေး အဖွဲ့များထံ သို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေကြောင်း သိရှိရပါသည်။ ဘင်္ဂလားေ ဒ့ရှ်ရေတပ်သည် Composite အသုံးပြုသည့် ရေယာဉ်ငယ်များတည်ေ ဆာက်ရန် အင်ဒိုနီးရှား PT Lundin ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ြ ခင်းဖြစ်ပြီး ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကင်းလှည့် ရေယာဉ်များသည် အလျား ၁၂ မီတာရှိပြီး မြန်နှုန်းမြင့်ဒီဇယ်အင်ဂျင် ၂ လုံးအား Surface Drive သို့မဟုတ် Water Jet (၂)လုံးဖြင့် တပ်ဆင် ထားပြီး အမြန်နှုန်းတစ်နာရီ ၃၅ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရှိရပါ သည်။ ကင်းလှည့် ရေယာဉ်အား တိုက်ခိုက်ရေးရေယာဉ်နှင့် လူစီးရေ ယာဉ်အဖြစ် ၂ မျိုး တည် ဆောက်ထားပြီး တိုက်ခိုက်ရေးရေယာဉ်များတွင် 12.7mm နှင့် 7.62mm စက်သေနတ်များ တပ်ဆင်ထားပါသည်။
အင်ဒိုနီးရှား PT Lundin ကုမ္ပဏီသည် Stingray-class ကင်းလှည့်ရေ ယာဉ်ငယ် ၂ စီးအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေ စောင့်တပ်ဖွဲ့သို့ လွှဲပြော င်းပေးခဲ့ပြီးဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တည်ဆောက်ခဲ့သည့် ကင်းလှည့်ရေယာဉ်သစ်များအား ရေတပ်နှင့်ကမ်းခြေစောင့် တပ်များသို့ မကြာမီလွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ကြားဖြတ်ဟန့်တားရေး တာဝန် များ၊ ကင်းလှည့်ခြင်း ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ လူနာပြောင်းေ ရွှ့ သယ်ဆောင်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ြ ခင်း စသည့်ကဏ္ဍများတွင် အသုံးပြုမည်ဖြစ်ပါသည်။
တိုက်ခိုက်ရေးရေယာဉ်ငယ်များ ဖြင့် စစ်ဆင်ရေး၊ ကွန်မန်ဒိုများဖြင့် အထူးစစ်ဆင်ရေးများ ကောင်းစွာဆင်နွှဲနိုင် ကြောင်း သိရှိရပါသည်။ Stingray-class ကင်းလှည့်ရေယာဉ်များသည် ရေစူးနည်းပြီး အပူပိုင်းဒေသတွင် အသုံးပြုနိုင်ရန် တည်ဆောက်ထားကြောင်းနှင့် ကမ်းရိုးတန်း၊ ရေတိမ်ဒေသများနှင့် မြစ်တွင်းစစ်ဆင်ရေးများတွင် ကောင်းစွာ အသုံးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။
#Ref-defseca #Myanmar_Online_News #ကင်းလှည့်ရေယာဉ် #ဘင်္ဂလားဒေ့ရှ်ရေတပ်






0 comments:
Post a Comment