Thursday, September 19, 2019


Image may contain: 1 person, standing and text


<<Unicode>>
Facebook စီအီးအို မာ့ခ်ဇူကာဘက်မှ ဖေ့စ်ဘွတ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုကိုပယ်ချ
Friday, September 20, 2019

စက်တင်ဘာလ ၁၉ ရက်တွင် ဝါရှင်တန်၌ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်အမတ် မာ့ခ်ဝါနာ ဦးဆောင်သော အဖွဲ့နှင့် ဖေ့စ်ဘွတ် စီအီးအို မာ့ခ်ဇူကာဘက်တွေ့ဆုံခဲ့ကြပြီး ဖေ့စ်ဘွတ်နှင့် ပတ်သက်၍ ဖေ့စ်ဘွတ်၏ စည်းမျဉ်းစည်းကမ်းများ ၊ ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာများ ၊ တည်းဖြတ်မှုများ ၊ ပွင့်လင်းမြင်သာရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်အမတ် မာ့ခ်ဝါနာ ဦးဆောင်တဲ့ အဖွဲ့မှ ဖေ့စ်ဘွတ် စီအီးအို မာ့ခ် ဇူကာဘက်နဲ့တွေ့ဆုံရာတွင် ဖေ့စ်ဘွတ်နှင့်ပတ်သက်ပြီး အကန့်အသတ်များပြုလုပ်ရန်တိုက်တွန်းခြင်းကို ဇူကာဘက်က ငြင်းပယ်လိုက်ကြောင်း သိရှိရပါသည်။
#AFP

0 comments:

Post a Comment