Thursday, September 19, 2019

ရင္ခြင္မဲ့ကေလးမ်ားေလ်ွာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္းမွ ခရိုင္၊ ၿမိဳ႔နယ္အသင္းအမႈေဆာင္မ်ား ေတြ့ဆံုေဆြးေနြးပြဲျပဳလုပ္

Image may contain: one or more people, people sitting and table

တနသၤာရီတိုင္းေဒသႀကီး သရက္ေခ်ာင္းၿမိဳ႔နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး အစည္းအေဝးခန္းမတြင္ စက္တင္ဘာလ ၁၉ ရက္ေန႔ နံနက္ပိုင္းက ရင္ခြင္မဲ့ကေလးမ်ားေလ်ွာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ ေရွာက္ေရးအသင္း ခရိုင္၊ ၿမိဳ႔နယ္ အသင္းအမႈေဆာင္မ်ား ေတြ့ဆံုေဆြးေနြးပြဲကို က်င္းပျပဳလုပ္ ခဲ့သည္။

ေရွးဦးစြာ အခမ္းအနားတြင္ ဒုတိယ ၿမိဳ႔နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ယု က အဖြင့္အမွာ စကားကို ေျပာၾကားခဲ့သည္။ ဆက္လက္ၿပီး တိုင္းေဒသႀကီး ရင္ခြင္မဲ့ကေလးမ်ားေလ်ွာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္းဉကၠဌ ဦးေအာင္သူရလင္း က ရင္ခြင္မဲ့ကေလးေလ်ွာ့ခ်ေရး၊တစ္ကိုယ္ရည္မိခင္မ်ားအား ကူညီေပးေရးႏွင့္ ေလ်ာ့နည္းပေပ်ာက္ေရး မ်ိဳးဆက္ပြားက်န္းမာေရး စသည္မ်ားကို ေဆြးေနြးေျပာၾကားခဲ့သည္။
ထို႔ေနာက္ တိုင္းေဒသႀကီး ရင္ခြင္မဲ့ကေလးမ်ားေလ်ွာ့ခ်ေရးႏွင့္ကာကြယ္ေစာင့္ေရွာက္ေရး အသင္းမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းေဇာ္ဦး က အသင္း၏ သေဘာထားရပ္တည္ခ်က္မ်ား၊ အသင္း၏ ရည္ရြယ္ခ်က္၊ လုပ္ငန္းစဉ္မ်ားကို ေဆြးေနြးေျပာၾကားခဲ့ၿပီး တက္ေရာက္လာသည့္ ေကာ္မတီဝင္မ်ားမွ ေဆြးေနြးရာတြင္ ၿမိဳ႔နယ္အတြင္း အသိပညာေပးေဟာေျပာပြဲမ်ား ေဆာင္ရြက္ မည့္ ေက်းရြာမ်ားကို ေရြးခ်ယ္သတ္မွတ္ခဲ့ ၾကေၾကာင္းသိရသည္။
Image may contain: 4 people, people sitting and indoor
Image may contain: 1 person, sitting, child and indoor
Image may contain: 1 person, sitting, table and indoor
#ႏိုင္ဝင္း(ျပန္/ဆက္)
<<Unicode>>
ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ခရိုင်၊ မြို့နယ်အသင်းအမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Friday, September 20, 2019

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်း ခရိုင်၊ မြို့နယ် အသင်းအမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု က အဖွင့်အမှာ စကားကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဉက္ကဌ ဦးအောင်သူရလင်း က ရင်ခွင်မဲ့ကလေးလျှော့ချရေး၊တစ်ကိုယ်ရည်မိခင်များအား ကူညီပေးရေးနှင့် လျော့နည်းပပျောက်ရေး မျိုးဆက်ပွားကျန်းမာရေး စသည်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဇော်ဦး က အသင်း၏ သဘောထားရပ်တည်ချက်များ၊ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များမှ ဆွေးနွေးရာတွင် မြို့နယ်အတွင်း အသိပညာပေးဟောပြောပွဲများ ဆောင်ရွက် မည့် ကျေးရွာများကို ရွေးချယ်သတ်မှတ်ခဲ့ ကြကြောင်းသိရသည်။
#နိုင်ဝင်း(ပြန်/ဆက်)

0 comments:

Post a Comment