အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္သည္ ၂၀-၉-၂၀၁၉ ရက္ေန႔တြင္ ေကာ္ကတၱားလ္ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ က်င္းပသည့္ Indigo ေလေၾကာင္း၏ ေကာ္ကတၱားလ္-ရန္ကုန္ စတင္ပ်ံသန္းသည့္ခရီးစဥ္ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္၍ Indigo ေလေၾကာင္း ဥကၠ႒ႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Mr.Wolfgang Prock- Schauer ႏွင့္အတူ အခမ္းအနားကို ဖြင့္လွစ္ေပးခဲ့ပါသည္။
ယင္းအခမ္းအနားသို႔ ေကာ္ကတၱားလ္ၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးျမင့္စိုး၊ ခ်င္ႏိုင္းၿမိဳ႕၊ ျမန္မာဂုဏ္ထူးေဆာင္ေကာင္စစ္ဝန္ Mr. J Rangan -athan၊ Indigoမွ Associate Director Mr. Arvind Bhandari တို႔လည္း တက္ေရာက္ခဲ့ၾကပါသည္။
Indigo ေလေၾကာင္းလိုင္းသည္ အိႏၵိယတြင္ အႀကီးဆုံး ေခြၽတာေရးေလေၾကာင္းလိုင္းျဖစ္ၿပီး ေကာ္ကတၱားလ္ႏွင့္ ရန္ကုန္သို႔ ေန႔စဥ္ေျပးဆြဲမည္ ေလေၾကာင္းလိုင္းျဖစ္ေၾကာင္း သိရွိရပါသည္။
<Unicode>
Indigo လေကြောင်း၏ ကော်ကတ္တားလ်-ရန်ကုန် စတင်ပျံသန်းသည့် ခရီးစဉ်ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း
Tuesday, September 24, 2019
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀-၉-၂၀၁၉ ရက်နေ့တွင် ကော်ကတ္တားလ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပသည့် Indigo လေကြောင်း၏ ကော်ကတ္တားလ်-ရန်ကုန် စတင်ပျံသန်းသည့်ခရီးစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ Indigo လေကြောင်း ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Wolfgang Prock- Schauer နှင့်အတူ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်းအခမ်းအနားသို့ ကော်ကတ္တားလ်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်စိုး၊ ချင်နိုင်းမြို့၊ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. J Rangan -athan၊ Indigoမှ Associate Director Mr. Arvind Bhandari တို့လည်း တက်ရောက်ခဲ့ကြပါသည်။
Indigo လေကြောင်းလိုင်းသည် အိန္ဒိယတွင် အကြီးဆုံး ချွေတာရေးလေကြောင်းလိုင်းဖြစ်ပြီး ကော်ကတ္တားလ်နှင့် ရန်ကုန်သို့ နေ့စဉ်ပြေးဆွဲမည် လေကြောင်းလိုင်းဖြစ်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment