Tuesday, September 24, 2019
Image may contain: 2 people, people standing and indoor
------------------------------------------------------------
"ရဟန်းဝတ်တဲ့ပုံတင်လိုက်ရင် ဂယက်ကလာမယ်မှန်းလဲ သိပါတယ်..ဒါပေမယ့် ကိုယ့်ဘဝအတွက်ကော ကိုယ့်မိဘအတွက်ကော သံသရာအတွက်ကော ကောင်းမှူကုသိုလ်လုပ်တဲ့အပေါ် ကိုယ့်အကောင့်မှာ ကိုယ်တင်တာ မတင်ရဲစရာလဲ မရှိတဲ့အတွက်တင်လိုက်တယ်.. သာဓု အနုမောဒနာ ခေါ်ကြသူများကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ..တချို့ media page တွေက သတင်းအဖြစ် ပုံတွေ ပြန်ယူတင်တော့ ပွသွားပြီး အဆဲခံရရော.. ကိုယ့်စိတ်နဲ့ကိုယ် အကုသိုလ်ပွား ဝေဖန်နေကြသူများကိုလဲ အပြစ်မပြောပါဘူး.. သေရင်ကိုယ့်နောက်ပါမှာ ကိုယ်ပြုခဲ့သော ကောင်းမှူကုသိုလ်ပဲလေ.. ယောင်္ကျား စစ်ရဲ့လားလို့ မေးခွန်းကို လိပ်ပြာလုံစွာပဲ ဖြေခဲ့တာဟာ မွေးကထဲက ယောင်္ကျားအင်္ဂါနဲ့ပဲမွေးခဲ့တယ်.. (ရိုင်းသွားရင် ကန်တော့ပါ) ကျွန်တော်သည် မိန်းမဖြစ်ချင်စိတ်လဲ မရှိသလို မိန်းမအင်္ဂါပြောင်းဖို့လဲ ဘဝမှာ လုံးဝအစီအစဉ်မရှိဘူး..အရင်က မိန်းမလဲ ကြိုက်ခဲ့ဖူးတာပဲ.. Lance နဲ့ ဖူးစာမဆုံခင်လေးတင်ကို မိန်းခလေးတယောက်နဲ့ဆုံပြီး သူတောင်ရင်ထဲမှာ ခဏတာရှိခဲ့သေးတယ်.. (အဲ့ကိစ္စလာမမေးနဲ့.. ဖြေဘူး.. ကြိုပြောထားတာ) ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် Bisexual လို့မခံယူဘူး.. လိင်တူချင်းကို ပိုမိုစုံမက်တာနဲ့ မိန်းမဖြစ်ချင်တာနဲ့ တခြားစီနော်.. အဲ့ဒါကို လူတွေ သေချာ သဘောမပေါက်ကြဘူး.. လိင်တူချင်းစုံမက်တာဟာ မိန်းမစိတ်ပေါက်နေတာလို့ တန်းပြောလို့မရဘူး..ဘာလို့လဲဆိုတော့ ယောင်္ကျားဘဝကနေ မိန်းမဖြစ်ချင်တဲ့သူတွေရှိသလို.. လိင်တူစုံမက်သော်လည်း မိန်းမ မဖြစ်ချင်တဲ့သူတွေ.. မိန်းမတွေရဲ့ အဆင်တဆာတွေကို ဝတ်ဆင်ရတာ မကြိုက်တဲ့သူတွေလဲ တကမ္ဘာလုံးသန်းနဲ့ချီရှိတယ်.. လောကကြီးမှာ Homosexual အမျိုးအစားတွေများစွာ ကွဲပြားစွာနေထိုင်ကြပါတယ်... ကျွန်တော့်ကို ယောင်္ကျားမစစ်ဘူးပြောရအောင် ဖိုရော မရော အင်္ဂါနှစ်ခုပါနေတဲ့သူလဲ မဟုတ်ဘူး.. ယောင်္ကျားအင်္ဂါကနေ မိန်းမအင်္ဂါ လဲ မပြောင်းထားဘူး.. ခေတ်စကားနဲ့ ဖြတ်ဖောက်ချုပ်လဲ မဟုတ်ဘူး.. (မည်သည့် Transgender ကိုမှ စော်ကားခြင်းမဟုတ်ပါ..တည့်ပြောတာ မသင့်တော်ဘူးဖြစ်သွားရင်ခွင့်လွှတ်ပါ).. မိန်းမလိုလဲ မဝတ်ချင်ဘူး.. ကိုယ်က လိင်အင်္ဂါပြောင်းထားပြီး ရဟန်းခံလို့ ခုလိုဆဲကြဆိုကြတယ်ဆိုရင်လဲ ထားတော့.. အခုကအဲ့လိုမှ မဟုတ်ပဲ.. မြန်မာပြည်မှာ Gay (မြန်မာလို လူတိုင်း တမျိုးတည်းခေါ်တာ "အခြောက်") ဆိုတာနဲ့ အကုန် သိမ်းကြုံးပြီး မိန်းမဖြစ်ချင်သော ယောင်္ကျားလို့ပဲ ထင်နေကြတယ်.. အဲ့ဒါကိုက စမှားတာပဲ.. အခြောက်ပေါင်းစုံရှိပါတယ်.. Bisexual တွေလဲ ရှိတယ်...မြန်မာနိုင်ငံမှာလဲ sexual orientation နဲ့ gender identity ကွဲကွဲပြားပြားမသိသေးတဲ့ သူတွေ အများကြီးရှိနေတာလဲ တကယ်တော့ သူတို့အမှားမဟုတ်ဘူးလို့ပဲ မြင်ပါတယ်..ဗဟုသုတနည်းသေးလို့ပါ.. ထားပါတော့.. ဒီကိစ္စ အလကားနေရင်း ကျွန်တော့်ကို တိုက်ခိုက်နေမယ့်အစား ဘုန်းကြီးတွေကိုပဲတိုက်ရိုက်မေးတာ ပိုကောင်းပါတယ်.. တကယ်လို့ ကိုယ့်အမှားမို့ ငရဲသွားရမယ်ဆိုလဲ သွားရမှာက ကိုယ်ပါ.. ကြားထဲ ကနေ အကုသိုလ်တွေ သံသရာခရီးမှာ လမ်းကြုံဝင်ယူသွားကြတာ တွေ့ရမြင်ရတော့ ဩော် လူတွေ လူတွေ.. ဘာမှ မပြောတော့ဘူး.. လိင်တူစုံမက်ကြသူတွေ ပုဇဉ်းခံကြသူတွေ အသိထဲမှာကော အပြင်လောကမှာကော အများကြီးပါ.. ကိုယ်က အနုပညာအသိုင်းအဝိုင်းမှာကျင်လည်ဖူးသူမို့ ဘာလုပ်လုပ် Public တင်လိုက်တာနဲ့ ငပွကြီးဖြစ်ဖြစ်သွားတယ်.. အနုပညာရှင်မို့ သူများ လက်ညှိုးထိုးကဲ့ရဲ့တာခံရတယ်ဆိုတာလဲ တဖက်က ပြန်တွေးကြည့်ရင် ဝဋ်ကြွေးတွေလိုပါပဲ.. ဘယ် Gender ကိုပဲဖြစ်ဖြစ် ခုံမင်နှစ်သက်ပါစေ ယောင်္ကျားတစ်ယောက်ဟာ တကယ်စိတ်ထားမြင့်မြတ်သော ယောင်္ကျားကောင်းတယောက် ဖြစ်ဖို့ပဲလိုပါတယ်.. သာသနာဖျက်သလေး ဘာလေးနဲ့ မဆီမဆိုင် အဓိပ္ပါယ်မရှိတာတွေ အကုန်ဆွဲထည့်ပြီး တဆိတ်ကို တအိတ်လုပ်ကြသူတွေလဲ တပုံတပင်..သာသနာဖျက်တယ်ကရှိရသေး.. အံ့ရော.. ဥပမာ ယောင်္ကျားတယောက်ဟာ မိန်းမကိုသာ ကြိုက်ပါရဲ့ သို့သော်လဲ သူတပါး လူ တိရိစ္ဆာန် အသက်သတ်သူ (သို့) သူတပါး ပစ္စည်းခိုးသူ (သို့) သူတပါးသားမယား သမီးပျိုတွေကိုစော်ကားပစ်မှားသူ(သို့)မိဘဆရာသမားကို စော်ကားသူ(သို့) အရက်ရဲ့ ကျေးကျွန်အဖြစ်နှစ်ရှည်လများစွာ ဆန်ကုန်မြေလေးဘဝနဲ့ နေသူ (သို့)ဘဝမှာ မဟုတ်တာမှန်သမျှ အကုန်လုပ်ပြီးမှ ဘုန်းကြီး ဝတ်နဲ့ တပါတ်ဆယ်ရက်တန်သည် ၁ နှစ်တန်သည် ၂ နှစ်တန်သည် နေတဲ့ သူတွေလဲ ရှိရင် ဒါဟာကော သင့်တော်တယ် မြတ်တယ်လို့ ဆိုနိုင်မလား..ကျွန်တော် အဲ့ဒါတွေတခုမှမလုပ်ဘူး..ခင်ပွန်းကြီးဆယ်ပါး မပစ်မှားဘူး.. အလှူဒါန ကောင်းမှူကုသိုလ်အချိန်ရရင်ရသလိုလုပ်တယ်.. ဘုရားတရားနေ့တိုင်းလုပ်တယ်.. ကိုယ့်ဘဝမှာ စိတ်ချမ်းသာစွာနဲ့ပဲ ဘဝကိုဖြတ်သန်းနေတယ်.. ဒီလိုဘဝမှာနေရတာကိုလဲ စိတ်ကျေနပ်တယ်.. အဲ့ဒီတော့ ကျွန်တော့်မွေးနေ့အမှတ်တရရော ဖေကြီး ဆုံးတာ ၃ နှစ်ပြည့် အတွက်ရော ရည်စူးပြီး ဘုန်းကြီးဝတ်လိုက်တဲ့အပေါ် ငါ့လုပ်ရပ်ဟာမှားတယ်လို့ ကိုယ့်ကိုယ်ကိုယ်မခံယူဘူး.. ထိုအကြောင်းနဲ့ပက်သတ်ပြီးလဲ မည်သည့်အင်တာဗျူးမှဖြေဖို့အစီအစဉ်မရှိပါခင်ဗျာ.. ဒါဟာ စာနယ်ဇင်းမီဒီယာများကို မလေးစားလို့မဟုတ်ပါ..ဗုဒ္ဓဘာသာဝင်တိုင်း သာသနာအကျိုးသယ်ပိုးနိုင်သော သားကောင်းသမီးကောင်းတွေဖြစ်ကြပါစေ.. ဗဟုသုတအနေနဲ့ မဟာဝါ ပဏ္ဏကကထာအဖွင့်မှ စာကို တင်ပေးလိုက်ပါတယ်. (Credit to Wai Yan Htet)
ဟု ၅-မျိုးရှိ၏။
၎-ပဏ္ဍုပ်ဖြစ်ရာအပတ်၌ ရဟန်းခံခွင့်မရ၊မဖြစ်ရာအပတ်၌ ရဟန်းခံခွင့်ရ၏။
Image may contain: 3 people, people smiling, people standing
Image may contain: 3 people, people sitting
<Unicode>
ရဟန်းဝတ်တဲ့ကိစ္စနှင့် ပက်သက်ပြီး ဂယက်ထနေတဲ့အပေါ် ပြန်လည် ရှင်းပြလိုက်တဲ့ ဥက္ကာမင်းမောင်
Tuesday, September 24, 2019
စက်တင်ဘာလ(၂၂)ရက်နေ့က နိုင်ငံကျော် သရုပ်ဆောင်နဲ့ မော်ဒယ် ဥက္ကာမင်းမောင် ရဟန်းဝတ်တာနဲ့ ပက်သတ်ပြီး ပရိသတ်တွေက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နယူးယောက်မြို့တွင်နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံကိုတစ်ခါတစ်လေမှာ သာလာလည်လေ့ရှိတာဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က Gay တစ်ယောက်အဖြစ် သူ့ကိုယ်သူဝန်ခံထားတာကြောင့် ပရိသတ်တွေက ရဟန်းခံလို့ ရမရ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး လူမှုကွန်ယက်များတွင်ပျံ့နှံ့နေတဲ့အကြောင်းလေးကို သူ့ရဲ့Facebook အကောင့်တွင် အခုလိုပဲရေးသားထားပါတယ်။
သရုပ်ဆောင်နဲ့ မော်ဒယ် ဥက္ကာမင်းမောင်၏ ပြောကြားချက်
------------------------------------------------------------
"ရဟန်းဝတ်တဲ့ပုံတင်လိုက်ရင် ဂယက်ကလာမယ်မှန်းလဲ သိပါတယ်..ဒါပေမယ့် ကိုယ့်ဘဝအတွက်ကော ကိုယ့်မိဘအတွက်ကော သံသရာအတွက်ကော ကောင်းမှူကုသိုလ်လုပ်တဲ့အပေါ် ကိုယ့်အကောင့်မှာ ကိုယ်တင်တာ မတင်ရဲစရာလဲ မရှိတဲ့အတွက်တင်လိုက်တယ်.. သာဓု အနုမောဒနာ ခေါ်ကြသူများကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ..တချို့ media page တွေက သတင်းအဖြစ် ပုံတွေ ပြန်ယူတင်တော့ ပွသွားပြီး အဆဲခံရရော.. ကိုယ့်စိတ်နဲ့ကိုယ် အကုသိုလ်ပွား ဝေဖန်နေကြသူများကိုလဲ အပြစ်မပြောပါဘူး.. သေရင်ကိုယ့်နောက်ပါမှာ ကိုယ်ပြုခဲ့သော ကောင်းမှူကုသိုလ်ပဲလေ.. ယောင်္ကျား စစ်ရဲ့လားလို့ မေးခွန်းကို လိပ်ပြာလုံစွာပဲ ဖြေခဲ့တာဟာ မွေးကထဲက ယောင်္ကျားအင်္ဂါနဲ့ပဲမွေးခဲ့တယ်.. (ရိုင်းသွားရင် ကန်တော့ပါ) ကျွန်တော်သည် မိန်းမဖြစ်ချင်စိတ်လဲ မရှိသလို မိန်းမအင်္ဂါပြောင်းဖို့လဲ ဘဝမှာ လုံးဝအစီအစဉ်မရှိဘူး..အရင်က မိန်းမလဲ ကြိုက်ခဲ့ဖူးတာပဲ.. Lance နဲ့ ဖူးစာမဆုံခင်လေးတင်ကို မိန်းခလေးတယောက်နဲ့ဆုံပြီး သူတောင်ရင်ထဲမှာ ခဏတာရှိခဲ့သေးတယ်.. (အဲ့ကိစ္စလာမမေးနဲ့.. ဖြေဘူး.. ကြိုပြောထားတာ) ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် Bisexual လို့မခံယူဘူး.. လိင်တူချင်းကို ပိုမိုစုံမက်တာနဲ့ မိန်းမဖြစ်ချင်တာနဲ့ တခြားစီနော်.. အဲ့ဒါကို လူတွေ သေချာ သဘောမပေါက်ကြဘူး.. လိင်တူချင်းစုံမက်တာဟာ မိန်းမစိတ်ပေါက်နေတာလို့ တန်းပြောလို့မရဘူး..ဘာလို့လဲဆိုတော့ ယောင်္ကျားဘဝကနေ မိန်းမဖြစ်ချင်တဲ့သူတွေရှိသလို.. လိင်တူစုံမက်သော်လည်း မိန်းမ မဖြစ်ချင်တဲ့သူတွေ.. မိန်းမတွေရဲ့ အဆင်တဆာတွေကို ဝတ်ဆင်ရတာ မကြိုက်တဲ့သူတွေလဲ တကမ္ဘာလုံးသန်းနဲ့ချီရှိတယ်.. လောကကြီးမှာ Homosexual အမျိုးအစားတွေများစွာ ကွဲပြားစွာနေထိုင်ကြပါတယ်... ကျွန်တော့်ကို ယောင်္ကျားမစစ်ဘူးပြောရအောင် ဖိုရော မရော အင်္ဂါနှစ်ခုပါနေတဲ့သူလဲ မဟုတ်ဘူး.. ယောင်္ကျားအင်္ဂါကနေ မိန်းမအင်္ဂါ လဲ မပြောင်းထားဘူး.. ခေတ်စကားနဲ့ ဖြတ်ဖောက်ချုပ်လဲ မဟုတ်ဘူး.. (မည်သည့် Transgender ကိုမှ စော်ကားခြင်းမဟုတ်ပါ..တည့်ပြောတာ မသင့်တော်ဘူးဖြစ်သွားရင်ခွင့်လွှတ်ပါ).. မိန်းမလိုလဲ မဝတ်ချင်ဘူး.. ကိုယ်က လိင်အင်္ဂါပြောင်းထားပြီး ရဟန်းခံလို့ ခုလိုဆဲကြဆိုကြတယ်ဆိုရင်လဲ ထားတော့.. အခုကအဲ့လိုမှ မဟုတ်ပဲ.. မြန်မာပြည်မှာ Gay (မြန်မာလို လူတိုင်း တမျိုးတည်းခေါ်တာ "အခြောက်") ဆိုတာနဲ့ အကုန် သိမ်းကြုံးပြီး မိန်းမဖြစ်ချင်သော ယောင်္ကျားလို့ပဲ ထင်နေကြတယ်.. အဲ့ဒါကိုက စမှားတာပဲ.. အခြောက်ပေါင်းစုံရှိပါတယ်.. Bisexual တွေလဲ ရှိတယ်...မြန်မာနိုင်ငံမှာလဲ sexual orientation နဲ့ gender identity ကွဲကွဲပြားပြားမသိသေးတဲ့ သူတွေ အများကြီးရှိနေတာလဲ တကယ်တော့ သူတို့အမှားမဟုတ်ဘူးလို့ပဲ မြင်ပါတယ်..ဗဟုသုတနည်းသေးလို့ပါ.. ထားပါတော့.. ဒီကိစ္စ အလကားနေရင်း ကျွန်တော့်ကို တိုက်ခိုက်နေမယ့်အစား ဘုန်းကြီးတွေကိုပဲတိုက်ရိုက်မေးတာ ပိုကောင်းပါတယ်.. တကယ်လို့ ကိုယ့်အမှားမို့ ငရဲသွားရမယ်ဆိုလဲ သွားရမှာက ကိုယ်ပါ.. ကြားထဲ ကနေ အကုသိုလ်တွေ သံသရာခရီးမှာ လမ်းကြုံဝင်ယူသွားကြတာ တွေ့ရမြင်ရတော့ ေဩာ် လူတွေ လူတွေ.. ဘာမှ မပြောတော့ဘူး.. လိင်တူစုံမက်ကြသူတွေ ပုဇဉ်းခံကြသူတွေ အသိထဲမှာကော အပြင်လောကမှာကော အများကြီးပါ.. ကိုယ်က အနုပညာအသိုင်းအဝိုင်းမှာကျင်လည်ဖူးသူမို့ ဘာလုပ်လုပ် Public တင်လိုက်တာနဲ့ ငပွကြီးဖြစ်ဖြစ်သွားတယ်.. အနုပညာရှင်မို့ သူများ လက်ညှိုးထိုးကဲ့ရဲ့တာခံရတယ်ဆိုတာလဲ တဖက်က ပြန်တွေးကြည့်ရင် ဝဋ်ကြွေးတွေလိုပါပဲ.. ဘယ် Gender ကိုပဲဖြစ်ဖြစ် ခုံမင်နှစ်သက်ပါစေ ယောင်္ကျားတစ်ယောက်ဟာ တကယ်စိတ်ထားမြင့်မြတ်သော ယောင်္ကျားကောင်းတယောက် ဖြစ်ဖို့ပဲလိုပါတယ်.. သာသနာဖျက်သလေး ဘာလေးနဲ့ မဆီမဆိုင် အဓိပ္ပါယ်မရှိတာတွေ အကုန်ဆွဲထည့်ပြီး တဆိတ်ကို တအိတ်လုပ်ကြသူတွေလဲ တပုံတပင်..သာသနာဖျက်တယ်ကရှိရသေး.. အံ့ရော.. ဥပမာ ယောင်္ကျားတယောက်ဟာ မိန်းမကိုသာ ကြိုက်ပါရဲ့ သို့သော်လဲ သူတပါး လူ တိရိစ္ဆာန် အသက်သတ်သူ (သို့) သူတပါး ပစ္စည်းခိုးသူ (သို့) သူတပါးသားမယား သမီးပျိုတွေကိုစော်ကားပစ်မှားသူ(သို့)မိဘဆရာသမားကို စော်ကားသူ(သို့) အရက်ရဲ့ ကျေးကျွန်အဖြစ်နှစ်ရှည်လများစွာ ဆန်ကုန်မြေလေးဘဝနဲ့ နေသူ (သို့)ဘဝမှာ မဟုတ်တာမှန်သမျှ အကုန်လုပ်ပြီးမှ ဘုန်းကြီး ဝတ်နဲ့ တပါတ်ဆယ်ရက်တန်သည် ၁ နှစ်တန်သည် ၂ နှစ်တန်သည် နေတဲ့ သူတွေလဲ ရှိရင် ဒါဟာကော သင့်တော်တယ် မြတ်တယ်လို့ ဆိုနိုင်မလား..ကျွန်တော် အဲ့ဒါတွေတခုမှမလုပ်ဘူး..ခင်ပွန်းကြီးဆယ်ပါး မပစ်မှားဘူး.. အလှူဒါန ကောင်းမှူကုသိုလ်အချိန်ရရင်ရသလိုလုပ်တယ်.. ဘုရားတရားနေ့တိုင်းလုပ်တယ်.. ကိုယ့်ဘဝမှာ စိတ်ချမ်းသာစွာနဲ့ပဲ ဘဝကိုဖြတ်သန်းနေတယ်.. ဒီလိုဘဝမှာနေရတာကိုလဲ စိတ်ကျေနပ်တယ်.. အဲ့ဒီတော့ ကျွန်တော့်မွေးနေ့အမှတ်တရရော ဖေကြီး ဆုံးတာ ၃ နှစ်ပြည့် အတွက်ရော ရည်စူးပြီး ဘုန်းကြီးဝတ်လိုက်တဲ့အပေါ် ငါ့လုပ်ရပ်ဟာမှားတယ်လို့ ကိုယ့်ကိုယ်ကိုယ်မခံယူဘူး.. ထိုအကြောင်းနဲ့ပက်သတ်ပြီးလဲ မည်သည့်အင်တာဗျူးမှဖြေဖို့အစီအစဉ်မရှိပါခင်ဗျာ.. ဒါဟာ စာနယ်ဇင်းမီဒီယာများကို မလေးစားလို့မဟုတ်ပါ..ဗုဒ္ဓဘာသာဝင်တိုင်း သာသနာအကျိုးသယ်ပိုးနိုင်သော သားကောင်းသမီးကောင်းတွေဖြစ်ကြပါစေ.. ဗဟုသုတအနေနဲ့ မဟာဝါ ပဏ္ဏကကထာအဖွင့်မှ စာကို တင်ပေးလိုက်ပါတယ်. (Credit to Wai Yan Htet)
"မိန်းမမဟုတ်ယောင်္ကျားမဟုတ် ပဏ္ဍုပ်(gay)များ ရဟန်းခံခွင့် ရ/မရ
၁။အာသိတ္တပဏ္ဍုပ်-သူတစ်ပါးအင်္ဂါဇာတ်ကို ပါးစပ်ဖြင့်ယူ၍ ကိလေသာပူလောင်ခြင်းငြိမ်းသူ။
၁။ဥဿူယပဏ္ဍုပ်-သူတစ်ပါးမေထုန်မှီဝဲသည်ကိုမြင်၍ ငြူစူလတ်သော် ကိလေသာပူလောင်ခြင်းငြိမ်းသူ။
၃။သြပက္ကမိကပဏ္ဍုပ်-လုံ့လဖြင့် ဝှေ့စေ့ ထုတ်ထားသူ။
၄။ပက္ခဏ္ဍုပ်-လဆုပ်အပတ်၌ ပဏ္ဍုပ်ဖြစ်၍ လဆန်းအပတ် ၌ကိလေသာပူလောင်ခြင်းငြိမ်းသူ။
၅။နပုံသကပဏ္ဍုပ်-ပဋိသန္ဓေနေစဉ်ပင် ဘာဝရုပ်မပါသူ
ဟု ၅-မျိုးရှိ၏။
ရဟန်းခံခွင့်ရပဏ္ဍုပ်ကား-
၁-၂ အာသိတ္တနှင့် ဥဿူယပဏ္ဍုပ်။
ရဟန်းခံခွင့်လုံးဝမရသောပဏ္ဍုပ်-
၃-၅ သြပက္ကမိကနှင့် နပုံသကပဏ္ဍုပ်။
ရဟန်းခံခွင့်ရ/မရ ပဏ္ဍုပ်
၄-ပဏ္ဍုပ်ဖြစ်ရာအပတ်၌ ရဟန်းခံခွင့်မရ၊မဖြစ်ရာအပတ်၌ ရဟန်းခံခွင့်ရ၏။
#Source_OkkarMinMaung #Myanmar_Online_News
0 comments:
Post a Comment