Monday, September 23, 2019

သက္ထားသူဇာ International Challenge ၿပိဳင္ပြဲတြင္ ပထမအဆင့္မွ စတင္ကစားရမည္

Image may contain: 1 person, smiling, standing and outdoor

ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာသည္ ေမာ္လ္ဒိုက္နိုင္ငံ၌ က်င္းပမည့္ International Challenge ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီးပထမအဆင့္မွ စတင္ကစားရမည္ျဖစ္ေၾကာင္း ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွာ ေဖာ္ျပထားပါသည္။

သက္ထားသူဇာသည္ ပထမအဆင့္တြင္ သီရိလကၤာကစားသမား ပရာမိုဒီကာႏွင့္ ေတြ႕ဆုံေနသည္။ သက္ထားသူဇာႏွင့္ ပရာမိုဒီကာသည္ စက္တင္ဘာ ၁၇ ရက္မွ ၂၂ရက္အထိ ေမာ္လ္ဒိုက္နိုင္ငံ၌ က်င္းပသည့္ International Future Series ၾကက္ေတာင္ၿပိဳင္ပြဲ ကြာတားဖိုင္နယ္တြင္ ေတြ႕ဆုံခဲ့ၿပီး သက္ထားသူဇာက ႏွစ္ပြဲျပတ္ အနိုင္ရခဲ့သည္။ သက္ထားသူဇာဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ၅၅ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ သက္ထားသူဇာသည္ ပထမအဆင့္ကို ေက်ာ္ျဖတ္နိုင္ပါက ဒုတိယအဆင့္တြင္ မေလးရွားႏွင့္ အိႏၵိယပြဲမွ အနိုင္ရသည့္ကစားသမားႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ ယင္းၿပိဳင္ပြဲတြင္ အာရွေဒသတြင္းမွ ကစားသမားမ်ားအျပင္ ဥေရာပ၊ အာဖရိကႏွင့္ သမုဒၵရာဇုန္မွ ကစားသမားမ်ားလည္း ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရွိရပါသည္။
သက္ထားသူဇာသည္ ယခုႏွစ္အတြင္း International Challenge ၿပိဳင္ပြဲတြင္ တတိယအႀကိမ္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး ဧၿပီႏွင့္ ဇူလိုင္တြင္ က်င္းပခဲ့သည့္ ၿပိဳင္ပြဲမ်ားတြင္ ပထမအဆင့္မွ ထြက္ခဲ့ရသည္။ သက္ထားသူဇာသည္ ေမာ္လ္ဒိုက္နိုင္ငံ၌ က်င္းပသည့္ ၿပိဳင္ပြဲႏွစ္ခုတြင္ ဆက္တိုက္ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး International Future Series ၾကက္ေတာင္ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိခဲ့ေၾကာင္း သိရွိရပါသည္။
<<unicode>>
သက်ထားသူဇာ International Challenge ပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ကစားရမည်
Tuesday, September 24, 2019

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီးပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ဖော်ပြထားပါသည်။
သက်ထားသူဇာသည် ပထမအဆင့်တွင် သီရိလင်္ကာကစားသမား ပရာမိုဒီကာနှင့် တွေ့ဆုံနေသည်။ သက်ထားသူဇာနှင့် ပရာမိုဒီကာသည် စက်တင်ဘာ ၁၇ ရက်မှ ၂၂ရက်အထိ မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့် International Future Series ကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် တွေ့ဆုံခဲ့ပြီး သက်ထားသူဇာက နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ သက်ထားသူဇာဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ပါက ဒုတိယအဆင့်တွင် မလေးရှားနှင့် အိန္ဒိယပွဲမှ အနိုင်ရသည့်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အာရှဒေသတွင်းမှ ကစားသမားများအပြင် ဥရောပ၊ အာဖရိကနှင့် သမုဒ္ဒရာဇုန်မှ ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သက်ထားသူဇာသည် ယခုနှစ်အတွင်း International Challenge ပြိုင်ပွဲတွင် တတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဧပြီနှင့် ဇူလိုင်တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ပထမအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲနှစ်ခုတွင် ဆက်တိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး International Future Series ကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #mrtv #သက်ထားသူဇာ

0 comments:

Post a Comment