

ေယာက်္ားျကီးျဖစ္ျပီး ဗလေတာင့္ေတာင့္နဲ႕ နည္းနည္းေႏွာေႏွာ ေဒါက္အျမင့္ျကီးေတြကုိစီး catwalk ကိုက်ြမ္းက်င္စြာေလ်ွာက္ျပေနတဲ့ Sinon ဟာ ဘာလို႕ဒီလိုလုပ္ေနတာလဲ ဘာလို႕ဒီလိုေအာင္ျမင္လာတာလည္း ဆိုတာကို ေ၀ဖန္ေနျကတဲ့သူေတြအတြက္ အနည္းငယ္ေျပာျပေပးခ်င္ပါတယ္။
သူကပရဟိတစိတ္လည္းအလြန္ထက္သန္တဲ့သူတစ္ေယာက္ဆိုတာ ျမန္မာႏိုင္ငံကုိ အလည္အပတ္လာေရာက္တဲ့အခ်ိန္တြင္ လွဴဒါန္းမွဳျပုလုပ္ခဲ့တာေတြကို အားလံုးပဲျမင္ေတြ႕ျပီးျဖစ္မွာပါ။
Sinon ဟာ သူငယ္ငယ္တုန္းကသူ႔မိဘေတြကသူ႔ကို gay ျဖစ္ေနလို႔ဆိုၿပီးအိမ္ေပၚကေနႏွင္ခ်ခဲ့ေတာ့ ၁၈ လေလာက္လမ္းေပၚမွာပဲေနခဲ့ရၿပီး ပလက္စတစ္ဗူးတို႔ဘာတို႔ေတြလိုက္ေကာက္စုေဆာင္းေရာင္းစားရင္းအသက္ဆက္ရွင္ခဲ့ရတယ္။ ေနာက္ပိုင္းမွ London မွာေနေနတဲ့သူ႔အစ္မကသူနဲ႔လာေနဖို႔ေျပာေတာ့မွ London မွာ ၇ ႏွစ္ေလာက္သြားေနခဲ့ျဖစ္ရင္းအိမ္အကူေတာင္လုပ္ခဲ့ရၿပီးအလုပ္ရွင္ရဲ႕ psychical abuse လုပ္တာခံခဲ့ရတယ္။
သူ႔အစ္မအတြက္လည္းေက်ာက္ကပ္တစ္ျခမ္းလွဴေပးထားတာပါ။ ၁၀ လက္မအျမင့္ရွိတဲ့ high heels ႀကီးနဲ႔ catwalk ေလွ်ာက္ရင္းပိုက္ဆံရွာၿပီး homeless ေတြကိုေထာက္ပံ့ေပးေနတဲ့သူပါ။ သူရတဲ့ပိုက္ဆံေတြနဲ႔ donate လုပ္ထားတာေတြမွအမ်ားႀကီးပါပဲ။ Philippines က နာမည္ႀကီး မင္းသား မင္းသမီးေတြနဲ႔လည္းအလုပ္တြဲလုပ္ခဲ့ျပီး သူ႔ကို ‘The King Of Catwalk’ ဆိုၿပီးတစ္ကမ႓ာလံုးကေတာင္သိတဲ့ worldwide fame ကိုပိုင္ဆိုင္ထားတဲ့လူတစ္ေယာက္ပဲျဖစ္ပါတယ္။ သူရဲ႕ Talent ကိုေျပာရမယ္ဆိုရင္ေတာ့ သူ႔ရဲ႕ Catwalk skills ကအၾကမ္းႀကီးပါပဲ။ Sinon ကိုေရွ႕ေလ်ွာက္ျပီး ဒီထက္မက အားေပးႏိုင္ျကဖို႕ ေမွ်ာ္လင့္ပါတယ္။









<Unicode>
မိမိယုံကြည်ရာတစ်ခုတည်းဖြင့် ဘဝကိုခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့ Sinon ရဲ့ဘဝအကြောင်း
Friday, September 20, 2019
ယောကျ်ားကြီးဖြစ်ပြီး ဗလတောင့်တောင့်နဲ့ နည်းနည်းနှောနှော ဒေါက်အမြင့်ကြီးတွေကိုစီး catwalk ကိုကျွမ်းကျင်စွာလျှောက်ပြနေတဲ့ Sinon ဟာ ဘာလို့ဒီလိုလုပ်နေတာလဲ ဘာလို့ဒီလိုအောင်မြင်လာတာလည်း ဆိုတာကို ဝေဖန်နေကြတဲ့သူတွေအတွက် အနည်းငယ်ပြောပြပေးချင်ပါတယ်။
သူကပရဟိတစိတ်လည်းအလွန်ထက်သန်တဲ့သူတစ်ယောက်ဆိုတာ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့အချိန်တွင် လှူဒါန်းမှုပြုလုပ်ခဲ့တာတွေကို အားလုံးပဲမြင်တွေ့ပြီးဖြစ်မှာပါ။
Sinon ဟာ သူငယ်ငယ်တုန်းကသူ့မိဘတွေကသူ့ကို gay ဖြစ်နေလို့ဆိုပြီးအိမ်ပေါ်ကနေနှင်ချခဲ့တော့ ၁၈ လလောက်လမ်းပေါ်မှာပဲနေခဲ့ရပြီး ပလက်စတစ်ဗူးတို့ဘာတို့တွေလိုက်ကောက်စုဆောင်းရောင်းစားရင်းအသက်ဆက်ရှင်ခဲ့ရတယ်။ နောက်ပိုင်းမှ London မှာနေနေတဲ့သူ့အစ်မကသူနဲ့လာနေဖို့ပြောတော့မှ London မှာ ၇ နှစ်လောက်သွားနေခဲ့ဖြစ်ရင်းအိမ်အကူတောင်လုပ်ခဲ့ရပြီးအလုပ်ရှင်ရဲ့ psychical abuse လုပ်တာခံခဲ့ရတယ်။
သူ့အစ်မအတွက်လည်းကျောက်ကပ်တစ်ခြမ်းလှူပေးထားတာပါ။ ၁၀ လက်မအမြင့်ရှိတဲ့ high heels ကြီးနဲ့ catwalk လျှောက်ရင်းပိုက်ဆံရှာပြီး homeless တွေကိုထောက်ပံ့ပေးနေတဲ့သူပါ။ သူရတဲ့ပိုက်ဆံတွေနဲ့ donate လုပ်ထားတာတွေမှအများကြီးပါပဲ။ Philippines က နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့လည်းအလုပ်တွဲလုပ်ခဲ့ပြီး သူ့ကို ‘The King Of Catwalk’ ဆိုပြီးတစ်ကမ႓ာလုံးကတောင်သိတဲ့ worldwide fame ကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ Talent ကိုပြောရမယ်ဆိုရင်တော့ သူ့ရဲ့ Catwalk skills ကအကြမ်းကြီးပါပဲ။ Sinon ကိုရှေ့လျှောက်ပြီး ဒီထက်မက အားပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။
#sinonloresca #kingofcatwalk #myanmar#Myanmar_Online_News






0 comments:
Post a Comment