Thursday, September 19, 2019

ဒုတိယသမၼတဦးျမင္႔ေဆြ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ လ်ိဳက်ိဳးၿမိဳ႕ရွိ တုန္ဖုန္းေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးစက္႐ုံႏွင့္ ၀ူလင္ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးစက္႐ုံမ်ားသို႔သြားေရာက္ေလ့လာ

Image may contain: 9 people, people standing

တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ နန္နင္းၿမိဳ႕၌ ေရာက္ရွိေနေသာ ဒုတိယသမၼတ ဦးျမင္႔ေဆြ ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕သည္ စက္တင္ဘာ ၁၉ ရက္ေန႔တြင္ လ်ိဳက်ိဳး (Liu Zhou) ၿမိဳ႕သို႔ သြားေရာက္ၿပီး တုန္ဖုန္းေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးစက္႐ုံႏွင့္ ၀ူလင္ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးစက္႐ုံတုိ႕သို႔ သြားေရာက္ေလ့လာၾကသည္။

ဒုတိယသမၼတႏွင့္အဖြဲ႕သည္ တုန္ဖုန္းေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးစက္႐ုံ၌ ေခတ္မီနည္းပညာႏွင့္ စက္ပစၥည္းမ်ားအသုံးျပဳ၍ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳး တပ္ဆင္ထုတ္ လုပ္မႈ လုပ္ငန္းအဆင့္ဆင့္ ေဆာင္ရြက္ေနမႈမ်ားႏွင့္ တုန္ဖုန္းေမာ္ေတာ္ယာဥ္ထုတ္ လုပ္ေရးစက္႐ုံမွ ထုတ္လုပ္ထားသည့္ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳးကုိ လွည့္လည္ၾကည့္႐ႈရာ တာ၀န္ရွိသူမ်ား က ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈအဆင့္ဆင့္၊ စံခ်ိန္စံညႊန္း၊ အရည္အေသြး၊ ႀကံ့ခုိင္မႈ၊ လုံၿခံဳမႈ၊ တန္ဖိုးႏွင့္ ေစ်းကြက္အေျခအေနမ်ားကို လုိက္လံရွင္းလင္း ျပသၾကသည္။
ဆက္လက္၍ ဒုတိယသမၼတႏွင့္ အဖြဲ႕သည္ တုန္ဖုန္းေမာ္ေတာ္ယာဥ္ငယ္ထုတ္လုပ္ ေရး စက္႐ုံသို႔ေရာက္ရွိရာ တုန္ဖုန္းကုမၸဏီ ဒုတိယအေထြေထြမန္ေနဂ်ာ Mr.Yao Liwen ႏွင့္ တာ၀န္ရွိ သူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။
ယင္းေနာက္ ဒုတိယသမၼတႏွင့္ အဖဲြ႕သည္ တုန္ဖုန္းေမာ္ေတာ္ယာဥ္ငယ္ထုတ္လုပ္ေရးစက္႐ုံ၌ ေခတ္မီနည္းပညာႏွင့္ စက္ပစၥည္းမ်ားအသုံးျပဳ၍ ေမာ္ေတာ္ယာဥ္ငယ္အမ်ိဳးမ်ိဳး ထုတ္လုပ္မႈလုပ္ငန္း အဆင့္ဆင့္ေဆာင္ရြက္ေနမႈႏွင့္ ထုတ္လုပ္ထားသည့္ ေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳးကုိ လွည့္လည္ၾကည့္႐ႈ ရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္း ျပသၾကသည္။
မြန္းလြဲပိုင္းတြင္ ဒုတိယသမၼတႏွင့္ အဖဲြ႕၀င္မ်ားသည္ လ်ိဳက်ိဳးၿမိဳ႕ရွိ SAIC GM Wu Ling Automobile ကုမၸဏီလီမိတက္၏ ၀ူလင္ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးစက္႐ုံသို႔ ေရာက္ရွိရာ ၀ူလင္ ကုမၸဏီ ကြန္ျမဴနစ္ပါတီ အတြင္းေရးမွဴးႏွင့္ ဒုတိယအေထြေထြမန္ေနဂ်ာ Mr. Yao Zuoping ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။
ထို႔ေနာက္ ဒုတိယသမၼတႏွင့္ အဖြဲ႕သည္ ၀ူလင္ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရး စက္႐ုံ၌ ေခတ္မီႏွစ္ေယာက္စီး လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ငယ္မ်ား ထုတ္လုပ္မႈလုပ္ငန္း အဆင့္ဆင့္ကုိ လွည့္ လည္ ၾကည့္႐ႈၿပီး သိလိုသည္မ်ားကုိေမးျမန္းရာ ၀ူလင္ကုမၸဏီ ကြန္ျမစ္နစ္ပါတီ အတြင္းေရးမွဴးႏွင့္ ဒုတိယအေထြေထြမန္ေနဂ်ာ Mr. Yao Zuoping ႏွင့္ တာ၀န္ရွိသူမ်ားက ႏွစ္ေယာက္စီး လွ်ပ္စစ္ ေမာ္ေတာ္ယာဥ္ငယ္မ်ား ထုတ္လုပ္မႈအဆင့္ဆင့္၊ စံခ်ိန္စံညႊန္း၊ အရည္အေသြး၊ ႀကံ့ခုိင္မႈ၊ လုံၿခံဳမႈ၊ တန္ဖိုးႏွင့္ ေစ်းကြက္အေျခအေနမ်ားကို လိုက္လံရွင္းလင္း ျပသၾကသည္။
ဒုတိယသမၼတႏွင့္အတူ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာသန္းျမင့္၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာ သံအမတ္ႀကီး ဦးမ်ိဳးသန္႔ေဖ၊ နန္နင္းၿမိဳ႕ ျမန္မာေကာင္စစ္၀န္ခ်ဳပ္ ဦးစိုးသက္ေနာင္၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေအာင္စုိးႏွင့္ တာ၀န္ရွိသူမ်ားသြားေရာက္ေလ့လာခဲ့ၾကေၾကာင္း သိရွိရသည္။
Image may contain: 16 people, people smiling, people sitting
Image may contain: 13 people, people smiling, people standing and outdoor
Image may contain: 12 people, people smiling, people standing
<<Unicode>>
ဒုတိယသမ္မတဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လျိုကျိုးမြို့ရှိ တုန်ဖုန်းမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံနှင့် ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံများသို့သွားရောက်လေ့လာ
Friday, September 20, 2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်နေ့တွင် လျိုကျိုး (Liu Zhou) မြို့သို့ သွားရောက်ပြီး တုန်ဖုန်းမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံနှင့် ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၌ ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ လုပ်ငန်းသုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ် လုပ်မှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများနှင့် တုန်ဖုန်းမော်တော်ယာဉ်ထုတ် လုပ်ရေးစက်ရုံမှ ထုတ်လုပ်ထားသည့် လုပ်ငန်းသုံးမော်တော်ယာဉ်အမျိုးမျိုးကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများ က မော်တော်ယာဉ်ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန်စံညွှန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုးနှင့် ဈေးကွက်အခြေအနေများကို လိုက်လံရှင်းလင်း ပြသကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ်ငယ်ထုတ်လုပ် ရေး စက်ရုံသို့ရောက်ရှိရာ တုန်ဖုန်းကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာ Mr.Yao Liwen နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ်ငယ်ထုတ်လုပ်ရေးစက်ရုံ၌ ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ မော်တော်ယာဉ်ငယ်အမျိုးမျိုး ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်အမျိုးမျိုးကို လှည့်လည်ကြည့်ရှု ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လျိုကျိုးမြို့ရှိ SAIC GM Wu Ling Automobile ကုမ္ပဏီလီမိတက်၏ ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ ဝူလင် ကုမ္ပဏီ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် ဒုတိယအထွေထွေမန်နေဂျာ Mr. Yao Zuoping နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ၌ ခေတ်မီနှစ်ယောက်စီး လျှပ်စစ်မော်တော်ယာဉ်ငယ်များ ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို လှည့် လည် ကြည့်ရှုပြီး သိလိုသည်များကိုမေးမြန်းရာ ဝူလင်ကုမ္ပဏီ ကွန်မြစ်နစ်ပါတီ အတွင်းရေးမှူးနှင့် ဒုတိယအထွေထွေမန်နေဂျာ Mr. Yao Zuoping နှင့် တာဝန်ရှိသူများက နှစ်ယောက်စီး လျှပ်စစ် မော်တော်ယာဉ်ငယ်များ ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန်စံညွှန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုးနှင့် ဈေးကွက်အခြေအနေများကို လိုက်လံရှင်းလင်း ပြသကြသည်။
ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူများသွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment