Wednesday, September 18, 2019

အမ်ိဳးသမီးယာဥ္ေမာင္းမ်ားပါဝင္မည့္ YBS (ၿမိဳ႕ပတ္) ယာဥ္လိုင္းသစ္ကို စက္တင္ဘာ ၂၃ ရက္တြင္ စတင္ေျပးဆြဲမည္


ရန္ကုန္ၿမိဳ႕ပတ္ယာဥ္လိုင္းသစ္ကို စက္တင္ဘာ ၂၃ ရက္တြင္ ယာဥ္အစီးေရ ၂၀ ျဖင့္ စတင္ေျပးဆြဲမည္ျဖစ္ေၾကာင္း မေန့ကက်င္းပေသာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕၏ စာနယ္ဇင္းရွင္းလင္းပြဲမွ သိရသည္။

အမ်ိဳးသမီးယာဥ္ေမာင္းမ်ားပါဝင္မည့္ YBS (ၿမိဳ႕ပတ္)ယာဥ္လိုင္းသစ္ကိုလာမည့္သီတင္းပတ္အတြင္း စတင္ေျပးဆြဲမည္ျဖစ္ရာ ေန႔စဥ္ယာဥ္ေျပးဆြဲမႈကို နံနက္ ၅ နာရီတြင္ စတင္မည္ျဖစ္ၿပီး ေနာက္ဆုံးယာဥ္မွာ ေအာင္မဂၤလာအေဝးေျပးမွ ည ၈ နာရီတြင္ ထြက္ခြာမည္ျဖစ္ေၾကာင္း စီးတီးထရန္စစ္ကုမၸဏီမွ သိရသည္။

''ဒီလ ၂၃ ရက္ေန႔မွာ ယာဥ္အစီးေရ ၂၀ နဲ႔ စတင္ေျပးဆြဲမွာ ျဖစ္ပါတယ္။ ေျပးဆြဲတဲ့အခါမွာလည္း ေအာင္မဂၤလာ အေဝးေျပးကေန ထြက္ခြာပါမယ္။ ယာဥ္ လမ္းေၾကာင္း ႏွစ္ေၾကာင္းခြဲၿပီး ဘယ္ပတ္၊ ညာပတ္ ဒီကားႀကီးေတြနဲ႔ ဆြဲပါမယ္။ ေနာက္ျပည္သူလူထုလိုအပ္ ခ်က္အရ ၿမိဳ႕ထဲမွာ တခ်ိဳ႕တစ္ဝက္ အေျချပဳၿပီး ျပန္ထြက္သြားတဲ့ စနစ္ကို လည္း ေလ့လာေနပါတယ္'' ဟု ရန္ကုန္ တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။
လက္ရွိတြင္ ယာဥ္အစီးေရ ၂၀ ျဖင့္ စတင္ေျပးဆြဲမည္ ျဖစ္ေသာ္လည္း ေအာက္တိုဘာလအတြင္း အင္အားျဖည့္ ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ပတ္ယာဥ္လိုင္းတြင္ ႏိုင္ငံတကာထိပ္တန္းအမွတ္တံဆိပ္ျဖစ္သည့္ Scania အမ်ိဳးအစားေမာ္ေတာ္ယာဥ္ ၃၉ စီးကို အသုံးျပဳမည္ျဖစ္ၿပီး
ယာဥ္စီးခအေနျဖင့္ ေအာင္မဂၤလာအေဝးေျပးမွ သခင္ျမပန္းၿခံအထိ ေငြက်ပ္ ၅၀၀ က်သင့္မည္ျဖစ္ၿပီး ခရီးစဥ္အစအဆုံးေငြက်ပ္ က်ပ္ ၁၀၀၀ က်သင့္မည္ျဖစ္သည္။

ထို႔ျပင္ခရီးသည္မ်ားအတြက္ မွတ္တိုင္အသိေပးစနစ္မ်ား၊ သတင္းအခ်က္အလက္ အေထာက္အကူျပဳစနစ္မ်ား ထည့္သြင္းထားေၾကာင္း သိရသည္။ ေမာ္ေတာ္ယာဥ္ သြားလာမႈကို ထိန္းခ်ဳပ္ရန္အတြက္ YRTAမွ သတ္မွတ္ထားေသာတယ္လီ မက္တစ္စနစ္အျပင္ Scania ၏ တယ္လီမက္တစ္စနစ္လည္း ပါဝင္ေၾကာင္း သိရသည္။
ထင္ေပၚဝင္း(ကမာ႐ြတ္)

<< Unicode >>
အမျိုးသမီးယာဉ်မောင်းများပါဝင်မည့် YBS (မြို့ပတ်) ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်
Thursday, September 19, 2019

ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်တွင် ယာဉ်အစီးရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မနေ့ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
အမျိုးသမီးယာဉ်မောင်းများပါဝင်မည့် YBS (မြို့ပတ်)ယာဉ်လိုင်းသစ်ကို
လာမည့်သီတင်းပတ်အတွင်း စတင်ပြေးဆွဲမည်ဖြစ်ရာ နေ့စဉ်ယာဉ်ပြေးဆွဲမှုကို နံနက် ၅ နာရီတွင် စတင်မည်ဖြစ်ပြီး နောက်ဆုံးယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးမှ ည ၈ နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း စီးတီးထရန်စစ်ကုမ္ပဏီမှ သိရသည်။

''ဒီလ ၂၃ ရက်နေ့မှာ ယာဉ်အစီးရေ ၂၀ နဲ့ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ ပြေးဆွဲတဲ့အခါမှာလည်း အောင်မင်္ဂလာ အဝေးပြေးကနေ ထွက်ခွာပါမယ်။ ယာဉ် လမ်းကြောင်း နှစ်ကြောင်းခွဲပြီး ဘယ်ပတ်၊ ညာပတ် ဒီကားကြီးတွေနဲ့ ဆွဲပါမယ်။ နောက်ပြည်သူလူထုလိုအပ် ချက်အရ မြို့ထဲမှာ တချို့တစ်ဝက် အခြေပြုပြီး ပြန်ထွက်သွားတဲ့ စနစ်ကို လည်း လေ့လာနေပါတယ်'' ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
လက်ရှိတွင် ယာဉ်အစီးရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည် ဖြစ်သော်လည်း အောက်တိုဘာလအတွင်း အင်အားဖြည့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ယာဉ်လိုင်းတွင် နိုင်ငံတကာထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် Scania အမျိုးအစားမော်တော်ယာဉ် ၃၉ စီးကို အသုံးပြုမည်ဖြစ်ပြီး
ယာဉ်စီးခအနေဖြင့် အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိ ငွေကျပ် ၅၀၀ ကျသင့်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးငွေကျပ် ကျပ် ၁၀၀၀ ကျသင့်မည်ဖြစ်သည်။

ထို့ပြင်ခရီးသည်များအတွက် မှတ်တိုင်အသိပေးစနစ်များ၊ သတင်းအချက်အလက် အထောက်အကူပြုစနစ်များ ထည့်သွင်းထားကြောင်း သိရသည်။ မော်တော်ယာဉ် သွားလာမှုကို ထိန်းချုပ်ရန်အတွက် YRTAမှ သတ်မှတ်ထားသောတယ်လီ မက်တစ်စနစ်အပြင် Scania ၏ တယ်လီမက်တစ်စနစ်လည်း ပါဝင်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
#Scania

0 comments:

Post a Comment