မြန်မာ၏ ငြိမ်းချမ်းရေး အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှု သိပ်မရှိလှသည့်အပေါ် စင်္ကာပူ အပါအဝင် အာဆီယံအနေဖြင့် “အလွန်အမင်း စိတ်ပျက်” ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
မြန်မာ၏ ငြိမ်းချမ်းရေး အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှု သိပ်မရှိလှသည့်အပေါ် စင်္ကာပူ အပါအဝင် အာဆီယံအနေဖြင့် “အလွန်အမင်း စိတ်ပျက်” ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ နိုင်ငံတွင်းကိုဗစ်ကူးစက်ဖြစ်ပွားနေမှုအခြေအနေ ဟာ စက်တင်ဘာလ၁၃ရက်နေ့ည၈နာရီသတင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာအရေ အတွက်၂၉၉ဦးအထိတစ်လအတွင်းအများဆုံးတွေ့ရှိထားပြီးသေဆုံးသူ၁ဦးရှိနေကြောင်းသိရပါတယ်။
ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ စက်သုံးဆီကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန် အထိုင်ဈေးမှာတင် စက်သုံးဆီဈေးတွေက မနေ့ဈေးထက် ဒီနေ့ ပိုတက်လာပါတယ်။
စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာလုပ်ဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး၊ မဖြစ်ရေးဟာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ စတာတွေအပေါ်မှာ မူတည်တယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ရုရှားအခြေစိုက် RIA သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၉ ရက် တနင်္လာနေ့မှာ ပြုလုပ်မယ့် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနား တက်ရောက်ဖို့ အတွက် မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတာမရှိဘူးလို့ ဗြိတိန်အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း ROSCOSMOS ၏ အကြီးအကဲဖြစ်သူ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လေကြောင်းနှင့် အာကသနယ်ပယ် ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
မုံရွာမြို့ကျောက်ကာလမ်းရှိသနပ်ခါးစျေးတန်းတွင်စျေးလျော့ရောင်းချနေသော်လည်းဝယ်သူမရှိဖြစ်နေကြောင်းသနပ်ခါးရောင်းချနေသူတွေထံမှ သိရပါတယ်။
သင်္ဘောသားတွေရဲ့ လစာငွေဒေါ်လာကို ဧရာဝတီဘဏ်ကနေ ဈေးကွက် ပေါက်ဈေး အတိုင်း အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ်ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က သတင်းထုတ် ပြန်လိုက်ပါတယ်။
NLD အစိုးရလက်ထက်ကတည်းက ရန်ကုန်မြို့မှာတည်ဆောက်နေတဲ့ ပြည်သူ့အငှားအိမ်ရာစီမံကိန်းက အဆောက်အအုံ ၉၁ လုံး အခုနှစ်ကုန်မှာ တည်ဆောက်ပြီးစီးမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
ကျန်းမာရေးဌာနရဲ့ စက်တင်ဘာလ၇ရက်ည၈နာရီသတင်းထုတ်ပြန်ချက်အရ ကိုဗစ်ဖြစ်ပွားမှုဟာ ၁ ရက်အတွင်း လူ ၂၂၀ကျော်ကူးစက်ထားကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ စက်သုံးဆီဈေးမြင့်တက်လာခြင်းနဲ့အတူ ငွေကြေအခက်အခဲတွေနဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် တွေကြောင့်လုပ်ငန်းတွေရှေ့ ဆက်ရပ်တည်ဖို့ခက်ခဲလာလို့ ယခု စက်တင်ဘာ ပထမအပါတ်က စတင်ရပ်နားလာရတယ် လို့အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။
၂ ရက်ဆက်တိုက် အမြင့်ဈေးမှာ ထပ်တက်နေတဲ့ ပြည်တွင်း စက်သုံးဆီဈေးကတော့ ယနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ နည်းနည်းလေးပြန်ကျပါတယ်။
ရုရှားငွေကြေး ရူဘယ် အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက မိမိတို့ နိုင်ငံတွေအနေနဲ့ ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲတွေကို ကျော်လွှာနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၂ မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ကုဗပေ၂ထရီလီယံကျော်ရှိတဲ့ သဘာဝဓတ်ငွေ့သိုက်တွေ့ထားပြီး မကြာခင်စီးပွားဖြစ် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရပါက မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စ နိုလန် ဟေဇာက ပြောဆိုလိုက်ပါတယ်။
ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းဝန်းကျင်နဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေဆီက သိရပါတယ်။
ပြည်တွင်းဈေးကွက်ထဲ ကြက်သွန်နီအဝင်များပေမယ့် အဝယ်လိုက်နေလို့ မုံရွာ ကြက်သွန်နီ တစ်ဿာကို ကျပ် ၃၇၀၀ လောက်ထိ ဈေးကောင်းလာတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။