Thursday, September 1, 2022

ထိုင်းအမျိုးသမီးငယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ထိပ်ပြောင်လုနီးပါး ဆံပင်ကျွတ်သွားသည့်ကိစ္စ အဖြေရှာနိုင်ရန် ထိုင်းဆရာဝန်များကြိုးစားနေ



အမျိုးသမီးငယ်တယောက် ဆံပင်တွေကျွတ်ကုန်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ ကြိမ်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် နောက်ထပ်အကြောင်းရင်းတခုကြောင့်ဖြစ်နိုင်ခြင်းရှိ၊ မရှိ ထိုင်းဆရာဝန်များဆုံးဖြတ်နိုင်ရန်ကြိုးစားနေသည်။

နှစ်အရွယ်အမျိုးသမီးငယ် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီးနောက် မိသားစုဝင်အားလုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ပြီး အမျိုးသမီးငယ်ဆံပင်ကျွတ်နေသဖြင့် အကြောင်းရင်းကိုဖော်ထုတ်နိုင်ရန် ဆရာဝန်များကြိုးစားနေကြောင်း သလန်မြို့ပြည်သူ့ကျန်းမာရေးအကြီးအကဲ ဆက်သာပွန် ဗာဂျာဆက်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
မေ ၁ ရက်တွင် အမျိုးသမီးငယ်က ကာကွယ်ဆေးဒုတိယအကြိမ်ထိုးခဲ့ပြီး ပထမတကြိမ်ကာကွယ်ဆေးထိုးစဉ်က ပြဿနာမရှိနေချေ။
ဇူလိုင်လတွင် မိသားစုအားလုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပိုင်း အမျိုးသမီးငယ်ဆံပင်တွေကျွတ်လာကြောင်း သူ့ဖခင်ကပြောသည်။
ရောဂါအပြည့်အဝသက်သာလာပြီးနောက်ပိုင်း အခြေအနေပိုဆိုးလာပြီး ကျောင်းတွင်အစအနောက်မခံရစေရန် အမြဲဦးထုပ်ဆောင်းထားရကြောင်း ဖခင်ဖြစ်သူကပြောပြသည်။
ကာကွယ်ဆေးဒုတိယအကြိမ်မထိုးခင်က အမျိုးသမီးငယ်သည် ဆံပင်ရှည်သူဖြစ်ပြီး ယခု ထိပ်ပြောင်လုနီးပါး ဆံပင်များကျွတ်နေသည်။
သမီးဖြစ်သူ ဓာတ်မတည့်သည့် ဆေးမရှိကြောင်းနှင့်ဆံပင်မကျွတ်ခင်က ကျန်းမာရေးကောင်းကြောင်း ဖခင်ဖြစ်သူကပြောသည်။
အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးငယ် ၅ သန်းကို ကာကွယ်ဆေးထိုးပေးရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကစီစဉ်နေချိန် ယခုဖြစ်ရပ်ဖြစ်လာသည်။
၆၄ ရာခိုင်နှုန်း(၃.၃ သန်း)ကို ကာကွယ်ဆေးတကြိမ်ထိုးပေးထားပြီး ၄၇ ရာခိုင်နှုန်း(၂.၄)သန်းကို ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးထားကြောင်း အချက်အလက်များထုတ်ပြန်ထားသည်။
Source – Bangkok Post
Photo – Bangkok Post

0 comments:

Post a Comment