Wednesday, September 7, 2022

ရမည်းသင်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင် ၁ ဦးသေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကြာပင်အင်းကျေးရွာတွင် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင်ဦးထွန်းထွန်းဝင်းဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
ရမည်းသင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အလုပ်အမှုဆောင် အသက်(၄၃) နှစ်အရွယ် ဦးထွန်းထွန်းဝင်းအား ဆိုင်ကယ်တစ်စီးဖြင့်လူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်သည် ဟု ဒေသခံတစ်ဦးကဆိုသည်။
“ ပါးမှန်သွားတာဗျ။ ချက်ခြင်းတော့ မသေဘူး။ ဆေးရုံရောက်မှ သေတယ်လို့သိရတယ်”ဟု ဒေသခံတစ်ဦး မှ ပြောသည်။
သေဆုံးသူမှာ ကျေးရွာဖွံ့ဖြိုးရေးများကို အားတက်သရောလုပ်ဆောင်သူဖြစ်သော်လည်း ၎င်းကြောင့် CDM ဝန်ထမ်းအချို့နှင့် လူငယ်အချို့ ဖမ်းဆီးခံရမှုများလည်းရှိကြောင်း ဒေသခံအချို့ကဆိုသည်။
ဦးထွန်းထွန်းဝင်း ပစ်သတ်ခံရမှုဖြစ်ပွားပြီးနောက် ရမည်းသင်းမြို့ပေါ်နှင့်ကျေးရွာအချို့တွင် ဧည့်စာရင်း စစ်ခြင်းနှင့် ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်
စာတည်း။ ။ စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ

0 comments:

Post a Comment