Tuesday, September 13, 2022

IAEA အစည်းအဝေးသို့ မြန်မာသံအမတ်ကြီးတက်ရောက်


ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ စက်တင်ဘာ ၁၂ ရက်ကစပြီး ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ(IAEA)ရဲ့ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးကို ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ပါဝင်တက်ရောက် နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဦးမင်းသိမ်းဟာ Non-Board Member အဖြစ် ပါဝင်တက်ရောက် နေတာဖြစ်ပြီး ဒီအစည်းအဝေးကတော့ ၅ ရက် လောက် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း လုပ်ငန်းအစီ အစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့မှု၊ ၂၀၂၄-၂၀၂၉ ကာလလတ်အတွက် မဟာဗျူဟာ၊ နျူက လီးယားနဲ့ ဓာတ်ရောင်ခြည်အန္တရာယ်သင့်မှု ကင်းရှင်းရေး၊ နျူကလီးယားလုံခြုံရေး၊ နျူကလီးယားသိပ္ပံ၊ နည်းပညာနဲ့ အသုံးချမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုတွေ ပိုမိုတိုးတက်ခိုင်မာရေးနဲ့ နိုင်ငံတွေရဲ့ နျူကလီးယား ဆိုင်ရာ ဆောင်ရွက်မှုတွေ လုံခြုံမှုရှိစေရေးတို့ကို ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ IAEA ကို ၁၉၅၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တာပြီး အဖွဲ့ ဝင်နိုင်ငံပေါင်း ၁၇၅ နိုင်ငံရှိတဲ့ IAEA အနေနဲ့ အုပ်ချုပ်မှုအဖွဲ့ဝင် (၂)နှစ်သက်တမ်းအတွက် နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဒေသအုပ်စုအလိုက် ရွေးချယ်တင်မြှောက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

One News

0 comments:

Post a Comment