Wednesday, September 7, 2022

စက်သုံးဆီဈေး ဒီနေ့ နည်းနည်းလေး ပြန်ကျသော်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အမြင့်ဈေးနဲ့ ငြိမ်နေတဲ့ ဈေးတန်းအထိတောင် ပြန်မကျ

၂ ရက်ဆက်တိုက် အမြင့်ဈေးမှာ ထပ်တက်နေတဲ့ ပြည်တွင်း စက်သုံးဆီဈေးကတော့ ယနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ နည်းနည်းလေးပြန်ကျပါတယ်။ 

ဒီနေ့ စက်သုံးဆီဈေးနည်းနည်းပြန်ကျတယ်ဆိုတာကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အမြင့်ဈေးနဲ့ ငြိမ်နေတဲ့ ဈေးတန်းကိုတောင် ပြန်ကျလာခြင်း မရှိသေးပါဘူး ။

ယနေ့ စက်တင်ဘာ ၈ ရက်နေ့အတွက် စက်သုံးဆီ ကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန် အထိုင်ဈေးမှာတော့ အရင်က တစ်ရက်ဈေးတက်ရင် ရာဂဏာန်း အထိ တက်တဲ့ ဈေးက  ဒီနေ့မှာ မနေ့စက်တင်ဘာ ၇ ရက်နေ့ ဈေးထက် ဓာတ်ဆီတစ်လီတာကို ကျပ် ၃၀ ခန့်နဲ့ ဒီဇယ် တစ်လီတာကို ကျပ် ၉၀ ဝန်းကျင်ကြီးများတောင် ကျဆင်းသွားတာပါ။

ယနေ့ စက်တင်ဘာ ၈ ရက်နေ့မှာတော့ စက်သုံးဆီ ကော်မတီက ထုတ်ပြန်နဲ့ ရန်ကုန် အထိုင်ဈေးမှာ   ၉၂ တစ်လီတာ ၂၄၁၅ ကျပ်၊  ၉၅ တစ်လီတာ ၂၅၂၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီ တာ ကျပ် ၂၉၉၅၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၈၀ ကျပ်အထိ အနည်းငယ် ကျဆင်းသွားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကစပြီးတော့ စက်တင်ဘာ ၅ ရက်နေ့အထိ  စက်သုံးဆီ ကော်မတီက ထုတ်ပြန်နဲ့ ရန်ကုန်အထိုင်ဈေးမှာ   ၉၂ တစ်လီတာ ၂၃၉၅ ကျပ်၊  ၉၅ တစ်လီတာ ၂၄၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီ တာ ကျပ် ၃၀၄၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၂၅ ကျပ်တို့ ဖြင့် အမြင့်ဈေးတန်းမှာ ရှိနေခဲ့တာပါ။


MyanmaPlatform

0 comments:

Post a Comment