Tuesday, September 13, 2022

MRTV Logo ကို အလွဲသုံးစားပြုသူများအား အရေးယူမည်ဟုထုတ်ပြန်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရဲ့ အမည်နဲ့ Logo တွေကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးရှာဆောင်ရွက်နေတဲ့ Facebook Page အတု အပါအဝင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရဲ့ အမည် Logo နဲ့ ပုံရိပ်တွေကို ဆင်တူယိုးမှား တုပ အသုံးပြုမှုတွေကို တည်ဆဲ ဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား က အသိပေးထုတ်ပြန်ပါတယ်။
အခုအခါ အွန်လိုင်းစာမျက်နှာတွေမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က ထုတ်လွှင့်ပေးနေတဲ့ MRTV HD နဲ့ ဆက်စပ်ရုပ်သံလိုင်းတွေရဲ့ ရုပ်သံအစီအစဉ်တွေ ကို MRTV Media Application မှာ အကြောင်းအရာအလိုက် ကဏ္ဍခွဲ (၁၁)ခုနဲ့ ထုတ်လွှင့်ဖော်ပြလျှက်ရှိတယ်လို့ဆိုပါတယ်။
အဆိုပါ MRTV Media Application ရဲ့ Logo ကို profile ပုံ အဖြစ်လည်းကောင်း၊MRTV ရဲ့ logo အဟောင်း ကို Cover photo အဖြစ်လည်းကောင်း ရယူတုပ အသုံးပြုပြီး “Myanmar Radio and Television” အမည် Facebook Page နဲ့ ညစ်ညမ်း ပစ္စည်းတွေကို ရောင်းချနေတာကို စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ ရုပ်သံအစီအစဉ်တွေကို Wbsite အပြင် twitter ၊ telegram တို့မှလည်းထုတ်လွှင့်နေပါတယ်။

Onenews

0 comments:

Post a Comment