Wednesday, September 7, 2022

Visa/Master ကတ်များအားပိတ်ထားခြင်းမရှိသည့်အပြင် ကတ်အသစ်လျှောက်ထားမှုများကိုလည်းဆောင်ရွက်ပေးလျက်ရှိဟု ဗဟိုဘဏ်ထုတ်ပြန်

ပုဂ္ဂလိကဘဏ်အချို့တွင် နိုင်ငံခြားငွေထည့်သွင်း အသုံးပြုရသည့် Visa/Master Card လုပ်ငန်းဆောင်ရွက်ခြင်းနှင့်ကတ်အသစ်လျှောက်ထားမှုတို့အား ယာယီပိတ်ထားသည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ ပြည်ပသို့မြန်မာနိုင်ငံသားများသွား ရောက်ရာတွင် Retail ငွေပေးချေမှုအဆင်ပြေစေရန်နှင့်ငွေကြေးသယ်ဆောင်ခြင်း အခက်အခဲလျော့နည်းစေရန်၊ International Card ထုတ်ဝေခွင့်အား ခွင့်ပြုထားသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဘဏ်များအနေဖြင့် Visa/Master Card များဖြင့် ကတ်လုပ်ငန်းများကို ပုံမှန်ဆောင် ရွက်လျက်ရှိကာ ကျန်းမာရေး၊ပညာရေးဆိုင်ရာကိစ္စများ၊ Personal Expense ကိစ္စများအတွက် ကတ်ပေးချေမှုမှတစ်ဆင့် အဆင်ပြေစွာပေးချေနိုင်ရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့သည်။
ထို့အတူ Visa/Master Card ဖြင့်ပေးဆောင်မှုများအား ပိတ်ထားခြင်းမရှိဘဲ လက်ရှိအချိန်၌ Visa/Master Card များဖြင့် ပေးချေသုံးစွဲနေသူများရှိပြီး ဘဏ်များအနေဖြင့်လည်း ကတ်အသစ်လျှောက်ထားခြင်းကို ဆောင်ရွက်ပေးလျက်ရှိကာ Master/ Visa ကုမ္ပဏီတို့ဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့သည်။

Popular

0 comments:

Post a Comment