Wednesday, September 7, 2022

တစ်ရက်တည်း ကိုဗစ်လူနာသစ် ၂၂၀ ကျော်တွေ ကူးစက်နှုန်း၂ဆကျော်မြင့်လာ

ကျန်းမာရေးဌာနရဲ့ စက်တင်ဘာလ၇ရက်ည၈နာရီသတင်းထုတ်ပြန်ချက်အရ ကိုဗစ်ဖြစ်ပွားမှုဟာ ၁ ရက်အတွင်း လူ ၂၂၀ကျော်ကူးစက်ထားကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါရှိမရှိ ဓာတ်ခွဲနမူနာပေါင်း ၉၈၀၈ ခု ကို စစ်ဆေးရာမှာ ရောဂါပိုးကူးစက်ခံထားရသူ အတည်ပြုလူနာအသစ်၂၂၃ဦးကိုတွေ့ရှိထားရာ ပြည်တွင်းကူးစက်မှုအနေနဲ့ လူနာ၂၀၉ဦးတွေ့ရှိခဲ့ရပြီး ပြည်ပကပြန်လာသူတွေထဲက၁၄ဦးတွေ့ရှိရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါပိုးကူးစက်ထားသူတွေယခုရက်ပိုင်းမှာ များလာနေပြီး ပြည်တွင်းကနေအချင်းချင်းကူးစက်သူအရေအတွက်ပိုများနေကာ စက်တင်ဘာလ၆ရက်က ပြည်တွင်းကူးစက်မှု၁၀၀ကျော်ရှိရာကနေစက်တင်ဘာလ၇ရက်နေ့မှာ ကူးစက်မှုဟာလူနာ၂၀၀ကျော်အထိ၂ဆမြင့်တက်သွားကြောင်း ကျန်းမာရေးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စက်တင်ဘာလ၇ရက်နေ့ည၈နာရီကိုဗစ်ရောဂါအကြောင်းနေ့စဉ်သတင်းထုတ်ပြန်ချက်အရ ရောဂါကြောင့်သေဆုံးသူမရှိတဲ့အတွက် ပြီးခဲ့တဲ့ရက်တွေက သေဆုံးသူတွေအပါအဝင် ကိုဗစ်ကြောင့်ပြည်တွင်းမှာ သေဆုံးသူအရေအတွက်ဟာ၁၉၄၄၂ ဦးရှိကြောင်းသိရပါတယ်။

0 comments:

Post a Comment