Tuesday, September 13, 2022

ယာယီသမ္မတရဲ့ ကြေညာချက်ထွက်လာတဲ့အခါ အားလုံးအသင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ကြေညာချက်ထွက်လာတဲ့အခါ အားလုံးအသင့်အနေ အထားဖြစ်အောင် ပြင်ဆင်ထားရှိရမယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင် ကိုလတ်က အသိပေးလိုက်ပါတယ်။

ဒါအပြင် ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက် စစ်ရေးအရှိန်ကို ပိုမိုမြှင့်တင်မယ်ဆိုတာနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီကို မနှစ် ကရော ဒီနှစ်အတွက်ပါ လက်နက်တပ်ဆင်ပေးထားနိုင်မှုက တိုက်ခိုက်ရေးစွမ်းအား တိုးနေတယ်လို့လည်း ပြောထား ပါတယ်။
‘ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက် တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ်/ တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှု တွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်။ ဒါပေမယ့်မကြာစေရပါဘူး ရဲဘော်တို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ "ပြည်တော်ဝင်" ကြမယ် လို့ပြောထားတယ်’ လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင် ကိုလတ်က ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာပါ။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မြန်မာ ပြည်သူတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ်အကြမ်း ဖက်လုပ်ရပ် တွေကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ၊ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲသာမ ရှောင်ဆင်နွှဲနေကြရခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါအပြင် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တော်လှန်ရေးအထောက်အကူဖြစ်စေရန်အတွက် ရောင်းချ နေတဲ့ စီမံကိန်းတွေထဲမှာ ပြည်သူတွေရဲ့ ဝယ်ယူနေမှုကိုကြည့်ရင်လည်း ‘အောင်စိတ်’ က အခိုင်အမာရှိနေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ စက်တင်ဘာ ၇ ၊ ၂၀၂၁ မှ စက်တင်ဘာ ၆ ၊ ၂၀၂၂ အထိ တစ်နှစ်တာကာလ အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ သေဆုံးသူ ၂၅၁၀၇ ဦးနဲ့ ထိခိုက်သူ ၈၀၂၃ ဦး အထိရှိထားတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဲဒီလို အရေးပေါ် ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နဲ့ ရဲ CDM တွေလည်း နေ့စဉ်နဲ့ အမျှများပြားလာနေတယ်ဆိုပြီးတော့လည်း ရေသားခဲ့တာ တွေ့ရပါတယ်။

ဓာတ်ပုံ - ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်

0 comments:

Post a Comment