Thursday, September 1, 2022

စက်သုံးဆီဈေးနှုန်းများ ဆက်ကျ

 

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ စက်တင်ဘာ(၂)ရက်အတွက်ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးတွေဆက်ကျလာပါတယ်။ စက်တင်ဘာ(၂)ရက်အတွက် ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာကို ၂၂၉၀၊ အောက်တိန်း 95 တစ်လီတာကို ၂၃၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၃၀၀၀၊ ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၈၅ ကျပ်ရှိပါတယ်။
ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာသန်း၂၀၀ကျော်ကို ပြည်တွင်းနိုင်ငံခြားငွေကြေးလဲလှယ်တဲ့ ဈေးကွက်ထဲကို ထောက်ပံ့မယ်လို့ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း စက်သုံးဆီဈေးတွေ ဆက်တိုက်ကျလာတာလည်းဖြစ် ပါတယ်။ အခုစက်သုံးဆီဈေးနှုန်းတွေက အရင်နေ့တွေထက် ပြန်ကျလာတယ်ဆိုပေမယ့် အမြင့်ဈေးမှာပဲဆက်ရှိနေ သေးတာ ဖြစ်ပါတယ်။

One News Myanmar

0 comments:

Post a Comment