Thursday, September 1, 2022

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS အဖွဲ့တို့ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုး

 

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်စစ် ဦးဆောင်သည့်ကိုယ် စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၁ ရက်(ယနေ့) နံနက်ပိုင်းက နေပြည်တော်၌ တတိယနေ့အဖြစ်တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များအား အတည်ပြုလက်မှတ်များရေးထိုးခဲ့ကြသည်။
တတိယနေ့ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စများအား ဆွေးနွေးခဲ့ကြပြီးနောက် ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များမှ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝအဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့ တက်ရောက်ခဲ့ကြသည်။
အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ အတွင်းရေးမှူး (၁)စဝ်စိုင်းငင်း၊ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်စဝ်ဆောင်းဟန်တို့လည်း တက်ရောက်ခဲ့ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လွယ်ကူသည့်လုပ်ငန်းစဉ်မဟုတ်၍ ယုံကြည်မှုတည်ဆောက်ခြင်းနှင့်အတူ စိတ်ရှည်ရှည်ထား၍ ဆောင်ရွက်ရမည်ဖြစ်ကာ ယုံကြည်မှုအားနည်းပါက စည်းလုံးမှုမရနိုင်သကဲ့သို့ စည်းလုံးမှုမရှိလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မှာမဟုတ်သဖြင့် အဖွဲ့အစည်းအားလုံးမှ ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအား တည်ဆောက်နိုင်မည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က သြဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်ကို သျှမ်းသံတော်ဆင့်၏ ဖော်ပြချက်အရ သိရသည်။
အလားတူ နိုင်ငံရေးပြဿနာအား ဖြေရှင်းနိုင်မည့်နည်းလမ်းသည် အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ဝိုင်းဝန်းတည်ဆောက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်၏ ပြောကြားချက်အား သျှမ်းသံတော်ဆင့်ကဖော်ပြထားသည်။




Popular

0 comments:

Post a Comment