Thursday, September 1, 2022

NLD အစိုးရ ကရင်ဝန်ကြီး ၃ ဦး ထောင်ဒဏ်ရက်စေ့၍ ပြန်လွတ်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေး အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် ကရင်ပြည်နယ် အစိုးရဝန်ကြီး ၃ ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
အဆိုပါ ဝန်ကြီး ၃ ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ခွန်မျိုးတင့်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာနဝန်ကြီး ဦးမင်းကိုခိုင်တို့ ဖြစ်သည်။
ယင်းဝန်ကြီး ၃ ဦးအား ယနေ့ စက်တင်ဘာလ ၁ ရက် မနက်ပိုင်းတွင် လွတ်ရက်စေ့သည့်အတွက် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရကာ ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ် မေလက ထောင် ၂ နှစ် ချမှတ်ခံရသူများဖြစ်ပြီး ပြစ်ဒဏ်စေ့၍ ပြန်လွတ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် အစိုးရ အဖွဲ့ထဲတွင် ဖမ်းဆီး ထောင်ချထားသူများထဲတွင် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့အား အမြင့်ဆုံး နှစ်ရှည်ထောင်ဒဏ်များဖြင့် စစ်ကောင်စီက ချမှတ်ထားသည်။


ဧရာဝတီ

0 comments:

Post a Comment