Tuesday, September 13, 2022

တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် ၃၀၀နီးပါး စံချိန်တင်တွေ့ရှိ တစ်ဦးထပ်မံသေဆုံး

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ နိုင်ငံတွင်းကိုဗစ်ကူးစက်ဖြစ်ပွားနေမှုအခြေအနေ ဟာ စက်တင်ဘာလ၁၃ရက်နေ့ည၈နာရီသတင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာအရေ အတွက်၂၉၉ဦးအထိတစ်လအတွင်းအများဆုံးတွေ့ရှိထားပြီးသေဆုံးသူ၁ဦးရှိနေကြောင်းသိရပါတယ်။

ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၁၉၁) ခုအား စစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉၉) ဦး တွေ့ရှိရကာ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၆၇) ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။

နိုင်ငံအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း (၈,၈၆၆,၇၆၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၇,၃၅၅) ဦး ရှိကာ COVID-19 ရောဂါနဲ့ သေဆုံးသူ (၁) ဦးရှိတာကြောင့်ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၄၃) ဦး ရှိရာသေဆုံးသူနဲ့ပတ်သက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်းမရှိကြောင်း ကိုလည်းကျန်းမာရေးဌာနကထုတ်ပြန်ဖော်ပြထားပါတယ်။

ကိုဗစ်ကူးစက်မှုတွေမြင့်မားနေပြီး ရောဂါကာကွယ်ဆေးထိုးနှံထားဖို့နဲ့ လူထူထပ်တဲ့နေရာအပါအဝင် အိမ်အပြင်ကထွက်တိုင်းmaskတပ်ဆင်ဖို့ကိုလည်း ကျန်းမာရေးဌာနရဲ့တာဝန်ရှိသူက အကြံပြုပြောကြားထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment