Thursday, September 1, 2022

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ပါက MoU လုပ်ငန်းစဥ်အတိုင်း တရားဝင်သွားလာရန်လိုအပ်

 

အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန် က ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီများက စာချုပ်ချုပ်ဆိုပေးနေမှုအား သွားရောက်ကြည့်ရှု့စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများထံမှ ကောက်ခံရမည့် ဝန် ဆောင်စရိတ်နှုန်းထားအား သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံခြင်းမပြုရန် ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီများ၏ တာဝန်ရှိသူများအား ဒု-ဝန်ကြီးကမှာကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံဘက်နှင့်မြန်မာနိုင်ငံဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက်ပိုမိုပေးဆောင်ရခြင်းမရှိစေရန် လိုင်စင်ရအေဂျင်စီများက အလေးထားဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။
အလားတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲများရှိပါက ရွှေ့ပြောင်းအ လုပ်သမားဌာနခွဲနှင့်တိုင်ကြားမှုဌာနသို့ သတ်မှတ်ထားသည့် ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ပြောကြားသည်။
ထို့အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအ နေဖြင့် လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ခြင်းမရှိဘဲ တရားမဝင် ပို့ဆောင်သူ၊ပွဲစားများဖြင့် ချိတ်ဆက်၍ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရခြင်းနှင့်အခြား လူ့အခွင့်အရေး ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကာ အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း တရားဝင်သွားလာရန်လိုအပ်သည်ဟု ဒု-ဝန်ကြီးဦးဝင်းရှိန်က တိုက်တွန်းပြောကြားခဲ့သည်။
"ပြည်ပကိုတရားဝင်သွားရောက်အလုပ်ကိုင်တဲ့အခါမှာ ဥပဒေနဲ့အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေ အပြည့်အဝရနိုင်ပြီး လူကုန်ကူးခံရမှု မဖြစ်နိုင်တာ ဆိုက်ရောက်နိုင်ငံတွေမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တာ လုပ်ငန်းခွင်မှာ စိတ်ချလုံခြုံစွာလုပ်ကိုင်နိုင်တာစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်"ဟု ဒု-ဝန်ကြီးဦးဝင်းရှိန်ကပြောသည်။
အလားတူ ပြည်ပတွင်နေထိုင်စဉ် ရွှေ့ပြောင်းအ လုပ်သမားများပြန်လည်ပေးပို့သည့် ဝင်ငွေသည် နိုင်ငံ့စီးပွားအတွက် များစွာအထောက်အကူဖြစ်စေ၍ မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့နိုင်ရန် အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား ဆိုက်ရောက်နိုင်ငံရှိ ဗဟိုဘဏ်မှခွင့်ပြုပေးထားသည့် ပုဂ္ဂိလိကမြန်မာနိုင်ငံသားဘဏ်များဖြင့် ချိတ်ဆက်ပေးပို့နိုင်ရန် ကူညီဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှဇူလိုင်လကုန်အထိ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့်ပြည်ပရောက်မြန်မာ နိုင်ငံသားများ ပြန်လည်ပေးပို့သည့် မိသားစုလွှဲပို့ငွေသည် အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်ရှိကြောင်း သိရသည်။

Popular

0 comments:

Post a Comment