Wednesday, September 7, 2022

ရုရှားငွေကြေး ရူဘယ်ကို ဒေါ်လာအစားထိုး ဆောင်ရွက်ပါက မိမိတို့ တွေ့ကြုံနေရသည့် ငွေကြေးအနိုင်ကျင့်ခံမှုကို ကျော်လွှားနိုင်မည်ဟု နစကဥက္ကဋ္ဌပြော

ရုရှားငွေကြေး ရူဘယ် အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက မိမိတို့ နိုင်ငံတွေအနေနဲ့ ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲတွေကို ကျော်လွှာနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၂ မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

‘‘ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရူဘယ်၊ ယွမ်၊ ရူပီး ငွေကြေးများကို ဒေါ်လာအစားထိုး အသုံးပြုသွားလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ကုန်စည်ဖလှယ်မှုစနစ်ကိုလည်း ဒေါ်လာအစားထိုး ဆောက်ရွက်သွားနိုင်ပါတယ်’’လို့ မိန့်ခွန်းအတွင်း ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အင်အားကြီး မိတ်ဆွေနိုင်ငံတွေကလည်း ဝိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

သတင်း - BETV Business ၊ ဓာတ်ပုံ - EEF 2022 (TASS Media)

0 comments:

Post a Comment