Wednesday, September 7, 2022

ဘင်္ဂလားပင်လယ်အော်တွင်ကုဗပေ၂ထရီယံကျော်ရှိသဘာဝဓာတ်ငွေ့သိုက်တွေ့ရှိထား

မြန်မာနိုင်ငံရဲ့ရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ကုဗပေ၂ထရီလီယံကျော်ရှိတဲ့ သဘာဝဓတ်ငွေ့သိုက်တွေ့ထားပြီး မကြာခင်စီးပွားဖြစ် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

စက်တင်ဘာ(၇)ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားချိန် အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။
ဒါ့အပြင် အဲ့ဒီထက် ပိုမိုကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်မယ့် အလားအလာတွေလည်း တွေ့ရှိထားသလို မတူးဖော်ရသေးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေလည်း များစွာရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ နောင်လာမယ့်၃နှစ်အတွင်း သဘာဝဓာတ်ငွေ့ကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့သူတွေကို ဖိတ်ခေါ်ပါတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကမ်းလွန်ရေနံလုပ်ကွက် ၅၁ကွက်သတ်မှတ်ထားပြီး လုပ်ကွက်၈ကွက်မှာ သဘာဝဓာတ်ငွေ့တူးဖော်ရရှိတဲ့အတွက် ပြည်တွင်းပြည်ပကို တင်ပို့ရောင်းချနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment