Thursday, September 1, 2022

သတင်းတွေ ကန့်သတ် ဖြုတ်ချခံရလို့ Youtube လိုမျိုးသုံးနိုင်တဲ့ Mtube Live Streaming Platform တစ်ခု လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးပြော

 

သတင်းတွေ ကန့်သတ် ဖြုတ်ချခံရလို့ Youtube လိုမျိုးသုံးနိုင်တဲ့  Mtube Live Streaming Platform တစ်ခုလုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးက “ ယနေ့အချိန်တွင် Social Media Platform များပေါ်တွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း စသည်ဖြင့် နည်းပညာအားကိုးကာ အနိုင်ကျင့် ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့နေရသည့် အတွက် Youtube ကဲ့သို့ အသုံးပြုနိုင် သော Mtube Live Streaming Platform တစ်ခုကို ယခုကဲ့သို့ တီထွင်ဆောင်ရွက်ခြင်းပင် ဖြစ်တယ်” လို့ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်   Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်းသည့်  ရှင်းလင်းတင်ပြပွဲမှာ ပြောကြားခဲ့တာပါ။

လက်ရှိတွင်  ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းများအတွက် MRTV Application ကို ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း နည်းမျိုးစုံဖြင့် ဖြုတ်ချခံခဲ့ရသည့် အတွက် ပြည်သူများ၏ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဖျက်ဆီးလျက်ရှိသည်ဟု ဆိုနိုင်ပြီး  ဝန်ကြီးဌာနအနေဖြင့် မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်လို့ဆိုပါတယ်။

အဆိုပါအခမ်းအနားတွင် United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းက Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment