Wednesday, September 7, 2022

ဧရာဝတီတိုင်းမှာ ဆီဈေး ၊ငွေဈေးနဲ့ နိုင်ငံရေး အခက်အခဲအကျပ်အတည်းတွေကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရပ်နားထားရ

ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ စက်သုံးဆီဈေးမြင့်တက်လာခြင်းနဲ့အတူ ငွေကြေအခက်အခဲတွေနဲ့  နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် တွေကြောင့်လုပ်ငန်းတွေရှေ့ ဆက်ရပ်တည်ဖို့ခက်ခဲလာလို့ ယခု စက်တင်ဘာ ပထမအပါတ်က စတင်ရပ်နားလာရတယ် လို့အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

''ကိုဗစ်ကပ်ရောဂါကြောင့်လုပ်ငန်းတွေရပ်ပစ်ရမယ့်အထိ ဖြစ်ခဲ့လို့အရင်အစိုးရကချေးငွေထုတ်ချေးပေးခဲ့လို့ရပ်တည်ခဲ့တယ် ၊ တစ်ခါနိုင်ငံရေးဖြစ်စဉ်တွေကြောင့် လုပ်ငန်းတွေ လည်ပတ်ဖို့ခက်ခဲပြန်တယ်၊အခုဒေါ်လာဈေးတွေနဲ့ ရွှေဈေးကွာဟ ၊ စက်သုံးဆီဈေးတွေကအဆမတန်း ထိုးတက်လာတော့ကျွန်တော်တို့လုပ်ငန်းတွေကဘယ်လိုမှမတတ်နိုင်တော့ဘဲ ယိမ်းယိုင်သွားလို့ပြန်မလုပ်နိုင်ကြတော့လို့ရပ်ပစ်ရတာပါ ၊ လက်ရှိ လုပ်ငန်းရှင် ၁၉ ယောက်လောက်ရပ်ထားရတယ်''လို့ ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းရှင် တစ် ဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲက အသေးစားနဲ့ အလတ်စားစီးပွားရေ လုပ်ငန်း တွေအများစုဟာ နိုင်ငံရေး ၊ ငွေကြေး ၊ ကုန်ဈေးနှုန်းငွေကြေလဲလည်နှုန်းတွေမတည်ငြိမ်မှုတွေကြောင့် အလုပ်ထလုပ်ရင် အရှုံးသာပြနေလို့ ရပ်ဆိုင်း လိုက်ရတာဖြစ်တယ်လို့သိရပြီး လက်ရှိ အသေးစားနဲ့ အလတ္စား စီးပွားရေး လုပ်ငန်းရှင် ၁၉ ခုရပ်နားထားရပြီး လက်ရှိအခြေအနေ အတိုင်းဆက်သွားရင် ထပ္မံရပ္နားရ မယ်လုပ်ငန်းရှင်တွေ ထပ်ရှိလာမယ်လို့ အသေးစား စီးပွားရေးလုပ်ငန်းတွေရဲ့ပြောပြချက်အရသိရပါတယ်။

"လုပ်ငန်းတော်တော်များများ ရပ်သွားပြီ။ အခုအခြေအနေတွေက တောင့်ခံဖို့ ခက်သွားပြီလေ။ အရင်က ပြောနေကျစကားက နည်းပညာနဲ့ ငွေကြေးအရင်းအနှီး အခက်အခဲကြောင့် SME တွေ မရှင်သန်တာပေါ့ ၊ အခုက အဲဒါတွေတင် မကေတာ့ဘူး။ အခု ဖြစ်ပျက်နေတာတွေ အားလုံးလည်း သိနေကြတာပဲဗျာ ၊ အရင်ကျွန်တော် ပြောဖူးပါတယ်  မလုပ်ဘဲ ထိုင်စားရင် တော်သေးတယ် ၊ ထလုပ်ရင် ထပ်ရှုံးပဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ ၊ကိုယ့်ရှိတဲ့ ပိုက်ဆံတောင် ထုတ်ချင်တိုင်းထုတ်မရတဲ့ အခြေအနေမှာ ဘာလုပ်ငန်းလုပ်ဖို့အဆင်ပြေနိုင်ပါ့မလဲဗျာ" လို့ ဧရာဝတီတိုင်းက အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

''ကျွန်တော်တို့ ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာရှိတဲ့ စီးပွားရေး လုပ်ငန်း ရာခိုင်နှုန်း ၉၀ လောက်ဟာ အသေးစား ၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း ကဏ္ဍတွေ မှာပါဝင်နေတာဖြစ်ပါတယ် ၊ တိုင်းဒေသကြီးရဲ့ စီးပွားရေး တိုးတက်မှု ၊ ဆုတ်ယုတ်မှုဟာ လည်းတိုင်း ပြည်စီးပွားရေး တည်ငြိမ်မှု၊ ကျဆင်းနဲ့ တိုက်ရိုက်ဆက်နေ တယ် ဒါ့ကြောင့် လုပ်ငန်းတွေရှေ့ဆက်လည်ပတ်ဖို့ ပြန်လည်စတင်နိုင်ဖို့ဆိုအစိုးရရဲ့ပံ့ပိုးမှုလိုအပ်ပါတယ်''လို့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။

ပြီးခဲ့တဲ့ NLD ပါတီရဲ့ အရပ်သားအစိုးရ လက်ထက်တုန်းကတော့ ကိုဗစ်ကပ်ဘေးကြောင့်ထိခိုက်မှုရှိတဲ့  လက်ဖက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်တွေအပါအဝင် အသေးစားနဲ့ အလတ် စား လုပ်ငန်းတွေကို ချေးငွေနှုန်းထားအမျိုးမျိုးသတ်မှတ် ပြီး ငွေထုတ်ချေး အတိုးနှုန်း ၂ ရာခိုင်နှုန်းသတ်မှတ်ပြီးထုတ်ချေးပေးတာတွေရှိခဲ့တယ်လို့ အသေးစားနဲ့ အလတ် စားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment