Thursday, September 1, 2022

လှိုင်းဘွဲ့မြို့တွင် ရွှေဆိုင် (၂) ဆိုင်မှ သိန်း (၆၂၀) ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဝင်ရောက်လုယက်မှုဖြစ်ပွား

 


ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား အမည်မသိ လက်နက်ကိုင်များက လုယက်ယူဆောင်သွားကြောင်း နစက က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၃၁ ရက် နံနက် (၉)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ မြို့မရပ် ကွက်ရှိ သရဖူ အာမခံရတနာရွှေဆိုင်နှင့် "ထွန်း" ရွှေဆိုင်တို့တွင် အမည်မသိ လက်နက်ကိုင်များက ဝင်ရောက်ကာ လုယက်သွားခြင်းဖြစ် ကြောင်း သိရသည်။
ရွှေဂွန်း - လက်ပံတန်း ကူးတို့ဆိပ်သို့ စက်လှေ (၂) စင်းဆို က်ကပ်လာပြီး အမည်မသိ လက်နက်ကိုင် (၈) ဦး ဆင်းလာပြီး (၁)ဦးမှာ ကူးတို့ဆိပ်တွင် စောင့်နေခဲ့ကာ ကျန် (၇) ဦးသည် မြို့မရပ်ကွက်အတွင်း သေနတ်ပစ်ဖောက်၀င်ရောက်လာပြီး ကူးတို့ဆိပ်အနီးဖွင့်လှစ်ထားသည့် ဦးအော င်သန်းထွန်း (၄၄)နှစ် (ဘ) ဦးထွန်းထွန်းပိုင်ဆိုင်သည့် "သ ရဖူ" အာမခံရတနာရွှေဆိုင်မှ ရောင်းချမည့် ရွှေထည်ပစ္စည်းများကို ဝင်ရောက် လုယက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ "သရဖူ" ရွှေဆိုင်တွင် ခင်းကျင်းပြသထားသည့် မှန်ကောင်တာ (၂) ခုနှင့် ဦးဝေသန့်ဇင် (၅၁)နှစ်၊ (ဘ) ဦးသိန်းလွင်ပိုင်ဆိုင်သည့် "ထွန်း" ရတနာရွှေဆိုင်မှ မှန်ကောင်တာ (၃) ခုတို့အား အမည်မသိ လက်နက်ကိုင်များက သေနတ်ဒင်များဖြင့် ရိုက်ခွဲဖျက်ဆီးကာ "သရဖူ" အာ မခံရတနာရွှေဆိုင်မှ ရွှေလက်စွပ် (၁၀၀) ကွင်း၊ ရွှေလက် ကောက် (၂၀) ကွင်း၊ ရွေဆံညှပ် (၄) ခု ခန့်မှန်းတန်ဖိုးငွေသိန်း (၆၀၀) ခန့်နှင့် "ထွန်း" ရတနာရွှေဆိုင်မှ ရွှေနားကပ် (၁၀) ရံ ခန့်မှန်းတန်ဖိုး သိန်း(၂၀) ခန့်၊ စုပေါင်းခန့်မှန်းတန်ဖိုး (၆၂၀) ခန့်အား လုယက်ယူဆောင်ကာ လက်ပံတန်းကျေးရွာဘက်သို့ စက်လှေဖြင့် ပြန်လည်ထွက် ပြေးသွားသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
အဆိုပါ လုယက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစကက သတင်း ထုတ်ပြန်ထားသည်။

Popular

0 comments:

Post a Comment