Thursday, September 1, 2022

စပိန်နိုင်ငံတွင် သီတဂူရွှေစည်းခုံစေတီတော်တည်မည်

 

စပိန်နိုင်ငံတွင် သီတဂူရွှေစည်းခုံစေတီတော်တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးကို စပိန်နိုင်ငံ၊ Lumbini Garden Foundation အဖွဲ့မှ ဩဂုတ်လ ၃၁ ရက်တွင် လာရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ဆရာတော်ဘုရားကြီးကို စပိန်နိုင်ငံတွင် သီတဂူရွှေစည်းခုံစေတီတော် တစ်ဆူ တည်ထားပေးရန် လျှောက်ထားခဲ့သည်။
ထိုလျှောက်ထားချက်ကို ဆရာတော်ဘုရားကြီးမှ လက်ခံလိုက်သည့်အတွက် စပိန်နိုင်ငံတွင် သီတဂူရွှေစည်းခုံစေတီတော်တည်မည်ဖြစ်သည်။






ဓာတ်ပုံ - သီတဂူကျော်ဆန်းဝင်း

0 comments:

Post a Comment