Tuesday, September 13, 2022

ကြံခင်းမြို့နယ်မှာ ကွာရှင်းထားတဲ့ဇနီးကို ပြန်ပေါင်းဖို့ခေါ်ရာ မလိုက်လို့ ခင်ပွန်းဟောင်းက ဓါးနဲ့ခုတ်သတ်

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်ထဲက မြေခြားကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းက ခင်ပွန်းဟောင်းက ကွာရှင်းထားတဲ့ ဇနီးကို ပြန်ပေါင်းဖို့ခေါ်တာ မလိုက်လို့ အမျိုးသမီးဖြစ်သူကို ဓားနဲ့ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
ခင်ပွန်းဟောင်းရဲ့ဓါးနဲ့ခုတ်သတ်မှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်မာမာအေးဆိုသူဖြစ်ပြီး ပဲစိုက်ခင်းအပြန်လမ်းမှာ ကွာရှင်းထားတဲ့ ခင်ပွန်းဟောင်း ဦးဇော်လွင်ဦးနဲ့ စကားများရာကနေ ဓားနဲ့ခုတ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။
"ဒေါ်မာမာအေးက ပဲစိုက်ပြီး သူ့တူမတွေနဲ့အတူ ပြန်လာတဲ့လမ်းမှာ သူ့ယောကျ်ားဟောင်း ဦးဇော်လွင်ဦးက နင်ငါ့ကိုပြန်ပေါင်းမလား နင့်ကိုငါသတ်ပြီး ထောင်ထဲသွားနေရမလားဆိုပြီး စကားများတာကနေ လည်ပင်းကို ကိုင်းခုတ်ဓားနဲ့ခုတ်သတ်တာ၊ ဒေါ်မာမာအေးနဲ့အတူပြန်လာတဲ့ကောင်မလေးတွေကတော့ ထွက်ပြေးသွားကြတယ်"လို့ဖြစ်စဥ်ကိုမြင်တွေ့ရသူတစ်ဦးကပြောပါတယ်။
ဒေါ်မာမာအေးဟာ ဓားနဲ့အခုတ်ခံရတာကြောင့် လည်ပင်းမှာ (၈)လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လူသတ်မှုဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်သားတချို့နဲ့ ရဲတွေ ရောက်ရှိလာပြီး လူသတ်တရားခံ ဦးဇော်လွင်ဦးဖမ်းဆီးသွားပြီး သေဆုံးသူ ဒေါ်မာမာအေးရဲ့ရုပ်အလောင်းကို ကြံခင်းဆေးရုံကို သယ် ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

0 comments:

Post a Comment