Tuesday, September 13, 2022

ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင် ရွက်နေပါတယ်ဟု နစကဥက္ကဋ္ဌပြေ


နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana ၏ လက်ရှိမြန်မာနိုင်ငံ စီးပွားရေးအခြေအနေအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ဖြစ်နိုင်မလားနှင့်သင့်တော်မလားဆိုသည့်မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးနှင့်စီးပွားရေးမှာ ဆက်စပ်နေသဖြင့် စီးပွားရေးကျဆင်းပါက နိုင်ငံရေးအနည်းငယ် မတည်မငြိမ်ဖြစ်တတ်သည့် သဘောသဘာဝရှိ၍ စီးပွားရေးကောင်းမွန်ရန် ပြန်လည်လုပ်ဆောင်နေသည်ဟု ပြောသည်။
"ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်မှာ ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ်၊ ၂၀၂၀ ပြည့်နှစ်မှာ တတိယအကြိမ် ပြုလုပ်ခဲ့ပါတယ် ပထမအကြိမ်လုပ်တဲ့ အချိန်မှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့ နယ် ဒုတိယအကြိမ်မှာ ၃၂၃ မြို့နယ် တတိယအကြိမ်မှာ ၃၁၅ မြို့နယ် ရွေးကောက်ပွဲလုပ်နိုင်ခဲ့တယ် ဒီမိုကရေစီမှာ ရွေးကောက်ပွဲကသိပ်အရေးကြီးပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ရွေးကောက်ပွဲဖြစ်ပြီးမှသာ ရွေးကောက်ပွဲမှ တက်လာသည့် အမတ်များဖြင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး အခြားနိုင်ငံတော်အဆင့် ဖွဲ့စည်းတာဝန်ပေးခြင်း ရွေးချယ်ခြင်းများပြုလုပ်ရသည်ဟု ပြောသည်။
"ဆိုလိုတာက ပြည်သူတွေကဒီအခွင့်အရေးကို အားလုံးရဖို့လိုတယ် မြို့နယ်တစ်ခုမှာ ရွေး ကောက်ပွဲလုပ်တိုင်း လုပ်နိုင်တဲ့အရေအတွက်က ကျသွားတယ်ဆိုရင် အဲ့ဒီနေရာမှာရှိတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးတာကို ဖော်ပြတာဖြစ်တယ် တကယ်တော့ ရွေးကောက်ပွဲမှာ ပြည်သူတွေအားလုံး ဒီမိုကရေစီအခွင့်အရေးရပိုင်ခွင့်ရှိတယ် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ပြီးမှသာ ယင်း နယ်မြေများရှိ ပြည်သူများရွေး ကောက်ပွဲဝင်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
"ရွေးကောက်ပွဲ ဖြစ်ရေး/မဖြစ်ရေး ဆိုတာက ငြိမ်း ချမ်းရေးနဲ့စီးပွားရေးအားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာအများကြီး မူ တည်ပါတယ် တတ်နိုင်သလောက် ကျွန်တော်တို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲဆိုသည်မှာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အပြင်မှ ဖိအားများပေး၍ မဲထည့်စေတဲ့ဖြစ်ရပ်မျိုးမဖြစ်စေရန်လိုအပ်ကာ ပြည်သူများ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရန် အရေးကြီးပြီး ထိုမှသာ ၎င်းတို့၏ ခံစားချက်အား ဆန္ဒဖော်ထုတ်ခွင့်ရမည်ဖြစ်၍ ကြိုးစားနေသည်ဟု ပြောသည်။

Popular News

0 comments:

Post a Comment