Thursday, September 1, 2022

ရွှေတိဂုံစေတီတော်တွင် ဂရုဓမ္မအခါတော်နေ့ကျင်းပမည်

 

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ (၁၂)လရာသီပွဲတော်တွေထဲက စက်တင်ဘာ(၉)ရက်၊ တော်သ လင်းလပြည့်နေ့မှာကျရောက်မယ့် ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးပြီးကျင်းပသွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။
အဲဒီဂရုဓမ္မအခါတော်နေ့ထူးနေ့မြတ်မှာ ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှာ ဂေါပကအဖွဲ့ဝင်တွေ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းတွေနဲ့ ဝန်ထမ်းတွေက မနက်အရုဏ်တက်ချိန် ဆွမ်း တော်ကြီးကပ်လှူတာ၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာအမေးအဖြေတွေပြုလုပ်တာတွေကိုလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအပြင်ဂရုဓမ္မငါးပါးသီလအကျိုးအပြစ်လင်္ကာတွေရွတ်ဆိုပူဇော်တာတွေကို ဆောင် ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီနောက်မနက်(၉)နာရီခွဲအချိန်လောက်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှာ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ ဇာဂရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ ၊မြသိန်းတန်ကျောင်းတိုက်ဆရာတော်ဆီက သီလခံယူဆောက်တည်နိုင်ဖို့ သီလခံယူပွဲ အခမ်းအနားကိုလည်း ကျင်းပသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

One News Myanmar

0 comments:

Post a Comment