Tuesday, September 13, 2022

လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးတည်အုပ်စုများ သတ်မှတ်ကာဆောင်ရွက်သွားသွားမည်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က စက်တင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီတွင် e-ID စနစ်လုပ်ငန်းကော်မတီစတုတ္ထအကြိမ် လုပ်ငန်းညှိနှိင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
e-ID စနစ် လုပ်ငန်းစဉ်အဖြစ် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူစသည့် နိုင်ငံသားအသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ထားသူ၊ပြည်တွင်း၌ အခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR)လက်မှတ်ရရှိထားသူတို့၏ ကိုယ်ရေးဆိုင်ရာ အချက်အလက် Biographic(၆)ချက်နှင့်ဇီဝဆိုင် ရာအချက်အလက် Biometric(၃)ချက်ကောက်ယူကာ လူတစ်ဦးချင်းစီအတွက် Unique ID နံပါတ်တစ်ခုစီထုတ်ပေးသွားမည်ဟု ပြောသည်။
အလားတူ လက်ရှိအခြေအနေတွင် မိမိတို့ဌာန၏ ရုံးအသီးသီးရှိ နိုင်၊ဧည့်၊ပြု လက်မှတ်များထုတ်ပေးမှုမှတ်တမ်းနှင့် PR ရရှိထားသူနှင့် FRC ကိုင်ဆောင်ထားသူများ၏ မှတ်တမ်းများပါ ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များကို နည်းပညာအသုံးပြု၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထိုသို့ ပေးပို့မှုသည် မကြာမီပြီးစီးတော့မည်ဖြစ်ပြီး ယင်း အချက်အလက်များအား e-ID စနစ်အတွက် Biographic Data(၆)ချက်ရယူရာတွင် အသုံးပြုသွားမည်ဖြစ်ကာ ယင်း အချက်အလက်များကို မိမိတို့ဝန်ကြီးဌာန၏ အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနမှတာဝန်ယူ၍ ပြည်တွင်း နည်းပညာအကြံပေးအဖွဲနှင့်ပညာရှင်များ၏ သုံး သပ်အကြံပြုချက်များနှင့်အညီ စနစ်တကျထိန်း သိမ်းဆောင်ရွက်ထားသည်ဟု ပြောသည်။
" e-ID စနစ်အတွက် ဆောင်ရွက်မယ့်စနစ်တည် ဆောက်ပုံဒီဇိုင်း၊ပြည်ပနည်းပညာအကြံပေးငှား ရမ်းခေါ်ယူရေးနဲ့ Biometric ကောက်ယူရေးအတွက် အသုံးပြုမယ့် နည်းပညာဆိုင်ရာပစ္စည်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ သုံးသပ်အကြံပြုချက်တွေရရှိပြီးဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားအားရှေးရှု၍ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊တင်ဒါစည်း မျဉ်းစည်းကမ်းများ၊အထက်ဌာနညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဟု ပြောသာ်။
ထို လုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါက Biometric(၃)ချက်ကောက်ယူရေးဆောင်ရွက်ရ မည်ဖြစ်ကာ မကြာမီ စမ်းသပ်ကောက်ယူမှုများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်ဟုဘပြောသည်။
"လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဦးတည်အုပ်စုတွေ သတ်မှတ်ပြီးအဆင့်ဆင့်ဆောင်ရွက်သွားဖို့လျာထားပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။
ထိုနောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

Popular News

0 comments:

Post a Comment