Wednesday, September 7, 2022

နိုင်ငံငယ်များအနေဖြင့် နိုင်ငံကြီးများ၏ဒေါ်လာအနိုင်ကျင့်မှုခံနေရဟု နစကဥက္ကဋ္ဌပြော

လက်ရှိမှာ နိုင်ငံငယ်လေးတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ဒေါ်လာအနိုင်ကျင့်မှုကို ခံနေရပြီး နိုင်ငံငယ်လေးတွေအနေနဲ့ နိုင်ငံရေး စီးပွားရေးကိစ္စရပ်တွေမှာ နိုင်ငံကြီးတွေကို မလွန်ဆန်နိုင်တာကို တွေ့ရတယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ(၇)ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားချိန် အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။
အဲ့ဒါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရုရှားရူဘယ်၊ တရုတ်ယွမ်နဲ့ အိန္ဒိယရူပီးတွေကို ဒေါ်လာအစားထိုးအဖြစ် ဆောင်ရွက်လို့ရပြီး ကုန်စည်ဖလှယ်မှုကိုလည်း ဒေါ်လာအစားထိုး ဆောင်ရွက်သွားလို့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဒီလိုဆောင်ရွက်မယ်ဆိုရင် နိုင်ငံငယ်တွေအနေနဲ့ ငွေကြေးအနိုင်ကျင့်ခံရမှုအခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အင်အားကြီးနိုင်ငံကြီးတွေအနေနဲ့လည်း ဝိုင်းဝန်းကူညီဖြေရှင်းပေးကြဖို့ကို မေတ္တာရပ်ခံလိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment