Thursday, September 1, 2022

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌနှင့်စီမံကိန်းနှင့်ဘဏ္ဍာရေး ဒု-ဝန်ကြီးတို့ဦးဆောင်၍ ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီဖွဲ့စည်း


ဗဟိုဘဏ်မှ လက်ရှိဘဏ်လုပ်ငန်းစနစ်ပိုမိုအား ကောင်းခိုင်မာရေးနှင့်နိုင်ငံတကာတွင်ဆောင်ရွက်လျက်ရှိသည့် စံသတ်မှတ်ချက်များနှင့်အညီ လိုက်လျောညီထွေဆောင်ရွက်နိုင်ရန် ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီအား အမိန့်ကြော်ငြာစာအမှတ် (၁၂၂/၂၀၂၂)ဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီတွင် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ အတွင်းရေးမှူးတစ်ဦး၊တွဲဖက်အတွင်း ရေးမှူးတစ်ဦးနှင့်အဖွဲ့ဝင် ၁၄ ဦးတို့ပါဝင်ကြောင်း သိရသည်။
လုပ်ငန်းကော်မတီသည် ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရန် နိုင်ငံတကာမှဆောင်ရွက်နေသည့် လုပ်ထုံးလုပ်နည်းများ၊စံသတ်မှတ်ချက်များနှင့်အညီ မိမိနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိသော ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီ (Assets Management Company)ဖွဲ့စည်းတည် ထောင်နိုင်ရေးကို လက်ရှိအခြေအနေများပေါ်မူ တည်၍ ဖြစ်နိုင်ခြေဖွဲ့စည်းမှုနှင့်လုပ်ငန်းစဉ်များအား ဖော်ထုတ်အကြံပြုတင်ပြရမည်ဖြစ်သည်။
ထို့ပြင် ကုမ္ပဏီတည်ထောင်ရန်လိုအပ်သည့် ဥပဒေ၊စည်းမျဉ်းစည်းကမ်းများ၊လုပ်ထုံးလုပ်နည်းများအား လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများအရ စိစစ်တင်ပြရမည်ဖြစ်ပြီး ပြင်ဆင်ပြောင်းလဲရမည့် ဥပဒေများရှိပါက ပြုစုတင်ပြရမည်ဖြစ် သည်။
အလားတူ တည်ထောင်မည့် ရရန်ပိုင်ခွင့်စီမံခန့်ခွဲရေးကုမ္ပဏီ(Assets Management Company) ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များသတ်မှတ်နိုင်ရေးကိုလည်း လေ့လာသုံးသပ်တင်ပြရမည်ဖြစ်သည်။
ထို့အတူ လုပ်ငန်းကော်မတီ၏ တိုးတက်မှုအစီရင် ခံစာအား ၃ လတစ်ကြိမ် ဗဟိုဘဏ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ထံတင်ပြရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများနှင့်လို အပ်သည့်ကုန်ကျစရိတ်များကို ဗဟိုဘဏ်၏ ရန်ပုံငွေမှကျခံသုံးစွဲရမည်ဖြစ်သည်။





Popular

0 comments:

Post a Comment