Friday, July 3, 2015

ဧရာဝတီမြစ်ကမ်းဘေးမှ အလုံပိတ် အအေးဆိုင်များကို ဖမ်းဆီးပိတ်သိမ်း

ပိတ်သိမ်းခံရသည့် အအေးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ − မန်းစည်ပင်ရဲတပ်ဖွဲ့) 

မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်းနားလမ်းရှိ စုံတွဲများ သီး သန့်ထိုင်လေ့ရှိသော အလုံပိတ် အအေးဆိုင်များကို အရေးယူပိတ် သိမ်းလိုက်ကြောင်း သိရှိရသည်။

မန္တလေးမြို့ အမရပူရမြို့ နယ် ရှမ်းကလေးကျွန်းကျေးရွာနှင့် ရွှေဂဲရပ်ကြား ဧရာဝတီမြစ်ကမ်း နားလမ်းအနီးတွင် ဖွင့်လှစ်ထား သည့် အလုံပိတ် အအေးဆိုင် ပေါင်း ၁၁ ဆိုင်ကို ခွင့်ပြုချက်မရှိဘဲ လမ်းဘေးအအေးဆိုင် ဖွင့်လှစ်မှုဖြင့် စည်ပင်သာယာဥပဒေ ပုဒ်မ ၁၁၆ အရ တရားစွဲဆို၍ ပိတ်သိမ်းခိုင်းထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ စည်ပင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။ ‘‘ဆိုင်တွေက အလုံခန်းတွေ ဖြစ်တယ်။ တခြားသူတွေလည်း လာတတ်ပေမယ့် စုံတွဲတွေအ တွက် နည်းနည်းလွတ်လပ်သလို ဖြစ်နေတယ်။ အမြင်မတော်လို့ ၀င်ဖမ်းတာပါ’’ဟု သွားရောက် ဖမ်းဆီးခဲ့သည့် ရဲအရာရှိကပြောသည်။

အလုံပိတ်အအေးဆိုင်များ သို့ စုံတွဲများအများဆုံးလာရောက် လေ့ရှိပြီး မန္တလေးတောင်ခြေ သု ဓမ္မာဇရပ်တန်းနှင့် ပုသိမ်ကြီးမြို့ နယ်တို့တွင်လည်း စုံတွဲများ သီး သန့်ထိုင်နိုင်ရန် အအေးဆိုင်များ ဖွင့်လှစ်ထားကြောင်း မန္တလေးဒေ သခံအချို့က ပြောကြားသည်။

စုံတွဲများထိုင်သည့် အအေး ဆိုင်များအပြင် ခွင့်ပြုချက်မဲ့ ဖွင့် လှစ်ထားသည့် လမ်းဘေးဆိုင်အ ချို့ကိုလည်း သတိပေးအရေးယူမှု များ ပြုလုပ်နေကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီသန့်ရှင်းရေးဌာနမှ ဌာ နစုမှူးဦးရဲကျော်စွာကပြောသည်။

‘‘ရွှေတချောင်းဘေးက ဆိုင် နှစ်ဆိုင်ကို ဒဏ်ကြေးငွေ ငါး သောင်းရိုက်တယ်။ တစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ ခေါ်ပြီးခံဝန်ကတိ ထိုးထားတယ်။ တစ်ပတ်အတွင်း ဖယ်ရှားမှုမရှိဘူးဆိုရင်တော့ တရားစွဲမှာပါ’’ဟု ၎င်းကပြော သည်။

ဖေဖော်ဝါရီကလည်း ရတနာပုံ တက္ကသိုလ်ဝန်းကျင်နှင့် ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်း အရှေ့နှင့်အနောက်တို့ တွင် ခွင့်ပြုချက်မဲ့ တရားမ၀င် အလုံပိတ်တဲများ၊ အခန်းများကန့်၍ စုံတွဲများနားခိုရန် ပြုလုပ်ကာ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များကို အရေးယူထားသည်။

7Day Daily

0 comments:

Post a Comment