Thursday, July 2, 2015

ခင်ပွန်းသည်နားလည်ပေးရင် အနုပညာအလုပ်တွေ ပြန်လုပ်ချင်တဲ့ ခင်သဇင်


အိမ်ထောင်ကျပြီးနောက် အနုပညာလုပ်ငန်း များနှင့် ၂ နှစ်ခန့် အဆက်ပြတ်နေသူ မော်ဒယ် ခင်သဇင်က ခင်ပွန်းသည် နားလည်မှုပေးလျှင် အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ‘‘သဇင်တို့အိမ်ထောင်ရေးက နားလည်မှုတစ်ခုရဖို့ ညှိနေရတဲ့ အခြေအနေပါ။ တကယ်လို့ သူနားလည်ပေးရင်တော့ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်မှာပါ’’ဟု ခင် သဇင်ကပြောသည်။

မော်ဒယ်ခင်သဇင်သည် လွန်ခဲ့သည့် ၂နှစ်က ၎င်း၏ချစ်သူ ဒေါက်တာထူးခြားအောင်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်မပြုမီက အမ်တီဗီအချို့တွင် ပါဝင် သရုပ်ဆောင်ခြင်း၊ မော်ဒယ်ရှိုးလျှောက်ခြင်း၊ ကြော်ငြာ ပိုစတာအချို့ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သူဖြစ်သည်။

အနုပညာလုပ်ငန်းများကို အိမ်ထောင်ကျပြီးလျှင် ဆက်လက်လုပ်ကိုင်ခွင့်ရရှိမည့် အခြေအနေဟုသိရှိခဲ့ရသော်လည်း လွန်ခဲ့သည့် ၂နှစ်မှစ၍ အနုပညာနှင့် ပတ်သက်သည့် အလုပ်မှန်သမျှ လုပ်ကိုင်ခွင့်မရရှိခဲ့ဟု ခင်သဇင်ကပြော သည်။

‘‘အိမ်ထောင်မကျခင်ကတည်းက ဒီအလုပ်လုပ်မယ် ဆိုပြီး အိမ်ထောင်ပြုခဲ့တာပါ။ ဒါပေမဲ့ လက်ထပ်ပြီးချိန်က တည်းက မလုပ်ဖြစ်ခဲ့တာပါ။ မြန်မာအမျိုးသမီးတစ်ဦးဖြစ် တာရယ်၊ ကိုယ့်အနုပညာလုပ်ငန်းလုပ်လို့ အိမ်ထောင်ရေး ထိခိုက်တာမလိုလားတာကြောင့် ရပ်နားခဲ့တာပါ။ အနုပ ညာအလုပ်ဆိုပေမယ့်လည်း ဓာတ်ပုံရိုက်လုပ်တာလောက် ပဲ။ အပြင်ထွက်အလုပ်လုပ်မယ်ပြောတော့လည်း ၀န်ထမ်း မလုပ်ခိုင်းဘူး’’ဟု ခင်သဇင်ကပြောသည်။

လက်ရှိတွင် ခင်သဇင်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအဖြစ် Cut & Clean Beauty Salon နှင့် Brilliant Jade Jewellery ကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။

7Day Daily

0 comments:

Post a Comment