Thursday, July 2, 2015

ဗားရှင်းပြောင်းပြီး အွန်လိုင်းမှာရောင်းမယ့် စန္ဒီမြင့်လွင်ရဲ့သီချင်းဟောင်းတစ်ပုဒ်


‘ရှော့ခ်’တစ်ကိုယ်တော် အခွေတွင် ပရိသတ်အားပေးမှုရရှိခဲ့သည့် ‘ချစ်နေတုန်းပဲ’သီချင်းကို နီနီခင်ဇော်နှင့်အတူ တွဲဖက်သီဆို ထားပြီး ရက်ပ်ဗားရှင်းပြောင်းလဲ ၍ ဇူလိုင် ၈ ရက်တွင် Myanmar Music Store မှ စတင်ဖြန့်ချိပေး မည်ဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောသည်။ ‘‘အရင် ‘ချစ်နေတုန်းပဲ’သီချင်း ကို ရက်ပ်ဗားရှင်းလုပ်ထား တာပါ။ ပထမ ဒီးဒီဆိုထားတဲ့ Chorus အပိုဒ်ကို နီနီ(နီနီခင်ဇော်) ကဆိုပေးထားတယ်။ ရက်ပ်စာ သားတွေကိုတော့ ဒီးဒီလိုချင်တာ တွေကိုပြောပြပြီး X Box က ရေးပေးထားတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါသီချင်းမှာ အောက် တိုဘာတွင် ဖြန့်ချိပေးမည့် ၎င်း၏ သီချင်းခုနစ်ပုဒ်ပါ တစ်ကိုယ် တော်မီနီအယ်လ်ဘမ်တွင် ထည့်သွင်းထားသည့် သီချင်းဖြစ်သည်။ ယင်းမီနီအခွေကို ကြော် ငြာသည့်အနေဖြင့် ယခုသီချင်းကို အွန်လိုင်းမှဖြန့်ချိပေးခဲ့ခြင်းဖြစ် သည်ဟု ၎င်းကဆိုသည်။

‘‘အရင်သီချင်းလို ပေါက်ပါ့ မလားဆိုတာကိုတော့ တွေးတာ တွေတော့မရှိဘူး။ ဒီးဒီက အသစ် ပေးချင်တာပဲရှိတယ်။ နောက်ပြီး အဲဒီသီချင်း Chorus လေးကိုယူ ပြီး ဖန်တီးချင်တာလည်းပါတယ်။ ပိုကောင်းအောင်လုပ်တယ်ဆို တာထက် နောက်ထပ်ဗားရှင်း တစ်မျိုးနဲ့ခံစားနိုင်အောင်ဖန်တီး ထားပါတယ်’’ဟု စန္ဒီမြင့်လွင်က ပြောသည်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေဖြင့် နယ်ဖျော်ဖြေပွဲများ ဆက်တိုက်သွားဖြစ်နေပြီး အူရီးဒူးနှင့် ကိုကာကိုလာ၏ နယ်လှည့်ဖျော်ဖြေပွဲခရီးစဉ်များ တွင်လည်း လိုက်ပါဖျော်ဖြေရန်အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်

7Day Daily

0 comments:

Post a Comment